NewsPolitic

AA နဲ့ MNDAA တို့ မိုင်းယု ၁၀၅ မိုင်တွင် ဆိုလာလမ်းမီး ၁၉၀ နီးပါး တပ်ဆင်ပေး

အာရက္ခတိုင်းမ်စ် (၂ အောကတိုဘာ ၂၀၂၆)

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ မိုင်းယု ၁၀၅ မိုင်တွင် မြို့တွင်းလမ်းမတလျှောက် ဆိုလာလမ်းမီးများ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

တန်ဖိုး မြန်မာကျပ်ငွေ သိန်းနှစ်ရာ့ရှစ်ဆယ်ကျော် တန်ဖိုးရှိ ဆိုလာလမ်းမီး ၁၈၈ လုံးကို မိုင်းယု ၁၀၅ မိုင်အဝင်က စတင်ပြီး ကျင်စန်းကျော့လမ်းခွဲအထိ လျှပ်စစ်ဌာနနဲ့အတူ စက်တင်ဘာလ ၂၈ ရက်နေ့က စတင် တပ်ဆင်ပေးနေတယ်လို့လည်း သိရပါတယ်။

အရင်နှစ်များက တပ်ဆင်ထားတဲ့ ဆိုလာလမ်းမီးများမှာ မီးအလင်းရောင် အားနည်းသောကြောင့် ပြန်လည်ဖြုတ်သိမ်းခဲ့ပြီး အခုလို ဆိုလာအသစ် အလုံးကြီးများနဲ့ ပြန်လည် အစားထိုး တပ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ဖြုတ်သိမ်းခဲ့တဲ့ ဆိုလာလမ်းမီး အဟောင်းများကိုလည်း ရပ်ရွာအတွင်းတွင် ပြန်လည် တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။
Photo – Mine Yu News

Related posts

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

Rakhita Times

အာရက္ခအိမ်မက် အမြန်ဆုံး ပြီးပြည့်ပါစေလို့ ယောတပ်တော် ဆုတောင်း

Rakhita Times

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ဦး အပါ ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment