မောင်တောနဲ့ ဘူးသီးတောင်မှာ ဟိန္ဒူရိုးရာ ဒူရ်ဂါပူဂျာပွဲတော် စည်ကားစွာ ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မောင်တောခရိုင်က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဟိန္ဒူဘာသာဝင်တွေ အထူးအလေးထားတဲ့ ရိုးရာဘာသာရေးပွဲတော် သျှရီ သျှရီ စန္ဒီမယ်တော် ဒူရ်ဂါပူဂျာပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်ကစပြီး စည်ကားစွာ ကျင်းပနေကြောင်း သိရပါတယ်။

ပွဲတော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ခရိုင်လူမျိုးစုရေးရာ ကော်မတီက ဦးဆောင်ကျင်းပပေးနေပြီး ဟိန္ဒူဘာသာဝင် ဒေသခံတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေလည်း ပါဝင်ကြပါတယ်။

ပွဲတော်ကာလမှာ စန္ဒီမယ်တော်ကို ကြိုဆိုပူဇော်တာ၊ ရိုးရာဆိုင်းဗုံ တီးမှုတ်တာနဲ့ ဘာသာရေးအခမ်းအနားတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နှစ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် အကျဉ်းချုံးပဲ ကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပထမရက်ကစပြီး စည်ကားစွာ ကျင်းပခဲ့တာလို့လည်း သိရပါတယ်။

အခုလို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရတာက လူမျိုးနဲ့ ဘာသာမတူသူတွေကြား တန်းတူညီမျှမှုရှိတာကို ပြသနေပြီး ဘာသာပေါင်းစုံအကြား အပြန်အလှန်လေးစားမှုကိုလည်း ဖော်ပြနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင်က ကိုးကွယ်ရာဘာသာ အမျိုးမျိုး ကွဲပြားတဲ့ ပြည်သူတွေ အများဆုံး နေထိုင်ရာ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ