ဝီရဌာနီမြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်စီ ညဘက်အထိ ဗုံးကြဲ၊ ၁၆ နှစ်သားအပါအဝင် ဒေသခံတွေ ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့ပေါ်က လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတွေသုံးပြီး ညဘက်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဝီရဌာနီမြို့၊ အမှတ် (၁)၊ (၃) နဲ့ (၄) ရပ်ကွက်တွေကို စစ်ကောင်စီတပ်က မကွေးလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်နဲ့ အောက်တိုဘာလ ၂၁ ရက် ည ၁၀ နာရီကျော်မှာ ဗုံး ၈ လုံးအထိ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအချို့ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ ဝီရဌာနီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်က အသက် ၁၆ နှစ်အရွယ် မောင်စစ်ငြိမ်းနိုင်နဲ့ အသက် ၅၃ နှစ်အရွယ် ဦးဘသာတို့ အပါအဝင် ဒေသခံတွေ ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက် ည ၉ နာရီခွဲခန့်မှာလည်း ဝီရဌာနီမြို့နယ်က ဒါးကိုင်တောင်တန်း၊ ပိန္နဲချောင်းတောင်တန်းနဲ့ ငပြီကျွန်းကျေးရွာတွေဘက်ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်ကလည်း ဝီရဌာနီမြို့၊ အမှတ် (၃) ရပ်ကွက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆယ်ကျော်သက် ကလေးငယ်တွေအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ

1 Comment

yaw gg အောက်တိုဘာ 22, 2026 - 2:30 မနက်

The perspective outlined regarding “yaw.gg” provides meaningful clarity on the subject. Thank you for sharing such a constructive piece—definitely a valuable reference for anyone following this field.

Add Comment