ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကို Y12 နဲ့ ဗုံး ၃၄ လုံးခန့် ကြဲ၊ ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ နံနက် အာရုံ ၃ နာရီကျော်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ မကွေးလေတပ်ကနေ တက်လာတဲ့ Y12 စစ်ထောက်ပို့လေယာဉ်တစ်စီးဟာ ဒီကနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်ကနေ ၄ နာရီ ၃၆ မိနစ်ခန့်အထိ ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာထဲကို ဒရော့ဗုံး (drop bomb) ၃၄ လုံးခန့် ကြဲချခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူနေအိမ်၂ချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေက ရွာချောင်းကြီးရပ်ရွာမှာ စစ်ဘေးရှောင်နေကြတဲ့ အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မစောတင်၊ အသက် ၂၄ နှစ်အရွယ် မမေဦးခင်၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။

အဆိုပါသူတွေအနက် ဦးဒါအောင်ကျော်က ဦးခေါင်းမှာ ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

Related posts

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

ရက္ခိုင်ပြည်ရောက် စစ်ကောင်စီဗိုလ်မှူး တိုက်ပွဲမှာ သေဆုံးတယ်လို့ မိသားစုနီးစပ်သူပြော၊ အလောင်းပြန်မရ