ရီရီလှိုင်(ကစ္ဆပမြီ)
ဒီရက်ပိုင်းတွေအတွင်း အာရက္ခပြည်ထဲမှာ ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တော်တန်ရုံနဲ့ပျက်ပြယ်မသွားဘဲ ဆက်လက် တည်ရှိနေခဲ့တာမို့ အာရက္ခပြည်ထဲ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေလျှံလာလို့ မြို့၊ ရွာတွေကို ရေလွှမ်းမိုးမှု ဖြစ်စေခဲ့တယ်။ ဒီလို မိုးအဆက်မပြတ် ရွာသွန်းလို့ ရေကြီးရေလျှံ ဖြစ်ပေါ်နေချိန်ဟာ ရက္ခိုင်ဒေသအခေါ် ဖျားသေ၊ ဖျားကြီးရက်နဲ့လည်း တိုက်ဆိုင်နေတာမို့ ရေက တော်ရုံနဲ့ ပြန်မကျနိုင်ဘဲ ရက်ဆက်စိမ်လို့ ရှိနေခဲ့တယ်။ ဒါကြောင့်ပဲ အာရက္ခပြည်ရဲ့ ရေကြီးရေလျှံမှုဟာ နှစ်ရက်ကနေ လေးရက်ခန်ံ့အထိ ကြာမြင့်သွားခဲ့တယ်။
ရေကြီးရေလျှံမှုကို ကြုံနေရချိန်မှာ အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) ဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို မပျက်စီး မဆုံးရှုံးရစေဖို့ ကူညီကယ်ဆယ်ရေးတွေ စဉ်ဆက်မပြတ် လုပ်ပေးနေခဲ့တာကို မြင်တွေ့ရပါတယ်။ ဒီလို ရေကြီးရေလျှံမှုတွေ မဖြစ်ခင်ကတည်းကလည်း ကြိုတင် အသိပေးတာတွေနဲ့ အကူအညီ ပေးတာတွေကို အစိုးရက တောက်လျှောက် လုပ်ဆောင်နေခဲ့တယ်။ အာရက္ခပြည်သူတွေကလည်း တပ်တော်၊ အစိုးရတို့နဲ့အတူ လက်တွဲညီညီနဲ့ သဘာဝဘေးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားခဲ့ကြတယ်။ ဒါကြောင့်ပဲ နှစ်ပေါင်း (၂၀) အတွင်းမှာ အဆိုးဝါးဆုံး ရေကြီးရေလျှံမှုလို့ ပညာရှင်တွေ ပြောဆိုနေကြတဲ့ အာရက္ခပြည် ရေကြီးရေလျှံမှုကို အသက်အန္တရာယ် ဆုံးရှုံး ထိခိုက်မှု အနည်းဆုံးနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။
ဒီနေရာမှာ စာရေးသူကို အလွန်တစ်ရာ အံ့ဩစေခဲ့တဲ့ အကြောင်းအရာတချို့ ရှိပါတယ်။ အာရက္ခတပ်တော်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အာရက္ခပြည်သူလူထုတွေဟာ သဘာဝဘေးကို လက်တွဲ ညီညာစွာနဲ့ ကြံ့ကြံ့ခံ ဖြတ်ကျော်နေကြတာကို မြန်မာ စစ်တပ်လော်ဘီတွေ၊ လူယောင်ဆောင်ထားတဲ့ မြန်မာစစ်သားတွေက လူမဆန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြတာကို မြင်တွေ့ ရလို့ အံ့ဩရတာပါ။ အမှန်ပါပဲ။ မြန်မာစစ်တပ်ဘက်တော်သား လော်ဘီတွေဟာ “မှတ်ပြီလား၊ ကျေးဇူးရှင် မြန်မာစစ်တပ်ကို ကျေးဇူးကန်းတဲ့ ရက္ခိုင်တွေ၊ သေကြ” ဆိုတဲ့ စကားမျိုးတွေ အပါအဝင် ရက္ခိုင်နဲ့ ဗမာပြည်သူတွေကို လူမျိုးရေး အဓိကရုန်း ဖြစ်လာအောင်အထိ ရည်ရွယ်ချက်ရှိရှိ မီးမွှေး ရန်တိုက်နေကြတာပါ။
မြတ်ဗုဒ္ဓက အရာရာကို မေတ္တာတရားနဲ့ ရှုမြင်နေထိုင်တတ်ဖို့ မွန်မြတ်လှတဲ့ တရားတော်တွေကို လူသားတွေအတွက် ဟောပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ မြန်မာစစ်တပ်နဲ့ မြန်မာစစ်လော်ဘီ အုပ်စုတွေကတော့ အာရက္ခပြည်သူတွေ ရေဘေးသင့်နေရတဲ့ အချိန်မှာတောင် မေတ္တာ၊ ဂရုဏာနဲ့ ဥပေက္ခာတရားကို မမွေးနိုင်ဘဲ ဂွမြို့နယ်က ရေဘေးသင့် ပြည်သူတွေကို လေကြောင်းကနေ Y-12 တွေ၊ ဂျက်ဖိုက်တာတွေ သုံးပြီးတော့ ရက်ရက်စက်စက် ဗုံးကြဲချခဲ့ပါသေးတယ်။ ဒါတင် မကသေးဘဲ ရေကြီးရေလျှံ ဖြစ်နေတာတွေကို အခွင့်ကောင်းယူပြီး ကျောက်ဖြူ တောင်မော်ကြီးရေတပ်စခန်းကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြပါသေးတယ်။ တစ်ဖက်သား အတိဒုက္ခ ရောက်နေချိန်မှာ ကံသုံးပါးနဲ့ ကူညီဖို့ မကြိုးစားနိုင်တဲ့အပြင် ကံသုံးပါးလုံးနဲ့ လူမဆန်စွာတိုက်ခိုက်ဝံ့တဲ့အထိ ငရဲဆန်တဲ့ စစ်တပ်မျိုး ကမ္ဘာ့စစ်သမိုင်းမှာ ရှိပါဦးမလားလို့တောင် တွေးစရာ ဖြစ်ပါတော့တယ်။
“မြန်မာစစ်တပ်ရဲ့ ကျားနာခဲ အငြိုးအတေးတွေကို မြင်တွေ့ရခြင်း”
မြန်မာစစ်တပ်နဲ့ သူ့ရဲ့ လောဘီတွေဟာ အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူတွေအပေါ် လုံးဝ အခဲမကြေ ဖြစ်နေကြတာကို အာရက္ခပြည် ရေကြီးနေစဉ်ကာလအတွင်း သူတို့တွေရဲ့ လုပ်ရပ်တွေက သက်သေပြနေပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့ကစပြီး အာရက္ခတပ်တော် ဆင်နွှဲခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ အလဲလဲ အကွဲကွဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်စဉ်တွေကို မြန်မာစစ်တပ်အဖို့ အရှက်ရစရာတစ်ခုလို ခံယူထားပုံ ပေါ်ပါတယ်။ စစ်တပ်ဟာ လက်လွှတ်ခဲ့ရတဲ့ အာရက္ခမြို့နယ်တွေကို ပြန်လည်ရယူနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် လက်ရှိတိုင် တစ်လက်မမှ တိုးမပေါက်နိုင်တာကလည်း Standard Army ဆိုပြီး သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ ဂုဏ်သိက္ခာကို အဖတ်ဆည်မရအောင်ပဲ ဖြစ်စေပါတယ်။ မင်းအောင်လှိုင် ရွေးကောက်ပွဲအတုနဲ့ အာဏာရရှိလာတဲ့နောက်ပိုင်းမှာ အစိုးရရဲ့ ရက် (၁၀၀) စီမံကိန်းအတွင်း အာရက္ခပြည်ကို ပြန်ထိုးဖောက်ဖို့အတွက် ကာချုပ်သစ် ရဲဝင်းဦးကို လေကြောင်းကနေ ဗုံးအလုံးရေ ထောင်နဲ့ချီ ကြဲခိုင်းတဲ့ စစ်ဆင်ရေးတွေကလည်း အာရက္ခပြည်ကို ထိရောက်တဲ့ စစ်ဆင်ရေး ဖြစ်မလာစေခဲ့ပါဘူး။ ဒါတွေက စစ်တပ်နဲ့ သူ့ရဲ့ လော်ဘီတွေကို အရှက်ရစေရုံမျှမကဘဲ လက်ရှိမှာ ကြီးမားပြင်းထန်တဲ့ အမုန်းတရားတွေအဖြစ် ရုပ်လုံးပေါ်လာအောင် ဖန်တီးနေခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ဟာ အာရက္ခပြည်ကို ကျားနာတစ်ကောင်ရဲ့ အငြိုးအတေးနဲ့ ကြောက်မက်ဖွယ် အမုန်းတရားတွေကို ဦးထိပ်ထားပြီးတော့ ရတတ်သမျှ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်လာခဲ့တာ မိုက်တွင်း ကမ်းကုန်နေခဲ့ပြီလို့ ဆိုရမှာပါ။
“စစ်တပ်ကျေးဇူး မူးလို့ ရှူစရာတောင် မရှိဘူး”
ဘင်္ဂလားပင်လယ်ကမ်းခြေဒေသတစ်ခုဖြစ်တဲ့ အာရက္ခပြည်ဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တတ်တဲ့ လေဖိအားရပ်ဝန်းတွေ၊ မုန်တိုင်းတွေကို သမိုင်းနဲ့ချီပြီး လက်ပွန်းတီးလာခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ သမိုင်းခေတ် အဆက်ဆက် နေထိုင်လာခဲ့ကြတဲ့ အာရက္ခပြည်သူတွေဆိုတာကလည်း ပင်လယ်ပြင်၊ မြေပြင် လေတိုက်နှုန်း မိုင် (၄၀) လောက်နဲ့ တော်တန်ရုံ မြစ်ရေလျှံတာလောက်ကို အအိပ်မပျက်၊ အစားမပျက်ကြသူတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၁၀၀) အတွင်းကို ပြန်ကြည့်ရင် ၁၉၆၈ ခုနှစ်၊ မေလ (၉) ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ စစ်တွေ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ရေကြီးရေလျှံမှုဟာ အာရက္ခပြည်အတွက် အဆိုးဝါးဆုံး သဘာဝဘေး အန္တရာယ်တစ်ခုလို့ မှတ်တမ်းတွေက ဆိုပါတယ်။ နောက်ထပ် ၂၀၀၄ ခုနှစ် ရေကြီးရေလျှံမှုနဲ့ ၂၀၀၆ ခုနှစ် မိုခါမုန်တိုင်းဖြစ်စဉ်တွေကို တောင် အာရက္ခပြည်သူတွေ တက်ညီလက်ညီနဲ့ ကျော်လွှားခဲ့ပြီး ဖြစ်ပါတယ်။
အာရက္ခပြည်သူတွေဟာ သဘာဝဘေး တစ်စုံတစ်ရာ ကြုံရတိုင်းမှာ စစ်တပ်ရဲ့ ကူညီဖြေရှင်းပေးမှုကို ဘယ်တုန်းကမှ မရရှိခဲ့ကြပါဘူး။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ NGO နဲ့ INGO အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့ အစည်းတွေ ထောက်ပံ့ပေးတာတွေကို အာရက္ခပြည်သူတွေလက်ထဲ အပြည့်အဝမပေးဘဲ စစ်တပ်အရာရှိတွေ ကြားဖြတ် စားခဲ့ကြသေးတာပါ။ အာရက္ခပြည်သူတွေဟာ ညီရင်းအစ်ကိုပမာ သဘောထား ပြည့်ဝကြတဲ့ ဗမာ အပါအဝင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဖေးမကူညီမှုတွေကိုသာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်၊ ဗမာတိုင်းရင်းသား ညီအစ်ကို ပရဟိတအဖွဲ့တွေဟာ အာရက္ခပြည်မှာ သဘာဝဘေး ကြုံရတိုင်း ကားကြီး ကားငယ် အသွယ်သွယ်နဲ့ လာရောက်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ပေးလေ့ရှိကြတာက ညီနောင် ပြည်သူ ပြည်သား အချင်းချင်း စေတနာ မေတ္တာ သက်ရောက်မှုတွေ ဖြစ်ပါတယ်။ သဘာဝဘေးကို ရင်ဆိုင်ရတိုင်းမှာ ဗမာအပါအဝင် တိုင်းရင်းသား ပြည်သူတွေရဲ့ကျေးဇူးတရားဟာ အာရက္ခပြည်အပေါ်မှာ ရှိနေတာ မှန်ပေမဲ့ မြန်မာစစ်တပ်လို ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုပြီး ကျားနာခဲနေတဲ့ အာဏာရှင် စစ်တပ်ရဲ့ ကျေးဇူးကတော့ အာရက္ခပြည်အပေါ်မှာ မူးလို့ ရှူစရာတောင် ရှိမနေတာ အမှန်ပါပဲ။
”ပျင်းတောင် ပျင်းသေးတယ်”
ကမ္ဘာနဲ့အဝှမ်းမှာ ဒီကနေ့ ကြုံတွေ့နေကြရတဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်တွေ၊ မုန်တိုင်းတွေဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ သစ်တောတွေ ပြုဉ်းတီးလာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု များပြားလာမှုတွေဟာ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) ပမာဏကို မြင့်တက်လာပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေပါတယ်။ အဲဒီလို အကျိုးဆက်တွေကြောင့်ပဲ အယ်နီညိုတို့ လာနီလာတို့လို ပြင်းထန်တဲ့ရာသီဥတု ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာနဲ့အဝှမ်းမှာ ရင်ဆိုင်နေရတဲ့ ပြင်းထန် ရာသီဥတု ဖြစ်စဉ်တွေဟာလည်း ဒီလို အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ဆိုးဝါးတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်ကို နိုင်ငံတိုင်းနီးပါး ခံစားနေကြရတာ ဖြစ်ပါတယ်။
လတ်တလောမှာ ဖြစ်ပေါ်ခဲ့တဲ့ အာရက္ခပြည်ရဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေနဲ့အတူ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း မုန်တိုင်းတိုက်တာတွေ၊ ရေကြီးရေလျှံတာတွေနဲ့ မြေပြိုတာတွေကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ ခံစားခဲ့ကြရတာပါ။ ဒီလို သဘာဝဘေး ကြုံနေရချိန်မှာ ဘယ်နိုင်ငံတွေရဲ့ စစ်တပ်ကိုပဲကြည့်ကြည့် ပြည်သူတွေကို ကူညီ ကယ်ဆယ်ဖို့ ကြိုးစားကြတာကို မြင်တွေ့ရလေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်က ပြည်သူတွေကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ် ရွှေ့ပြောင်းပေးတာတွေ၊ စားသောက်စရာ ချပေးတာတွေကို မြင်တွေ့ခဲ့ရဖူးပါတယ်။
အာရက္ခပြည်ထဲမှာ စစ်တပ်နဲ့ အစိုးရရဲ့ ကယ်ဆယ်ရေးတစ်ခုအဖြစ် NLD အစိုးရ ရက္ခိုင်ပြည်ဝန်ကြီး ဦးညီပု လက်ထက်မှာ တစ်ကြိမ် မြင်တွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ရေဘေးနဲ့ လေဘေးသင့် ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို မာမီးခေါက်ဆွဲခြောက် တစ်ထုတ်စီ ကူညီဖို့အတွက် စစ်တပ် ရဟတ်ယာဉ်ကြီးစီးပြီး သွားခဲ့ဖူးတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီတုန်းက “ ရက္ခိုင်ပြည်သူတွေကို ကူညီဖို့အတွက် အသက်ကို ပဓာနမထားဘဲ အရေးစွန့် လာခဲ့ရတယ်” ဆိုတဲ့စကားကလည်း သမိုင်းဝင်စကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ပြောချင်တာကတော့ အာရက္ခပြည်နဲ့ အာရက္ခပြည်သူတွေအပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ရပိုင်ခွင့်မှန်သမျှကို ဘက်ပေါင်းစုံက ဖိနှိပ်ချုပ်ချယ် သွေးစုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျေးဇူးဆိုတာ မူးလို့တောင် ရှူစရာ မရှိတာ အမှန်ပါပဲ။ လက်ရှိ အာရက္ခပြည် ရေဘေးသင့်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း အာရက္ခပြည်သူနဲ့ အာရက္ခတပ်တော်တို့ ညီညာစွာ လက်တွဲ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အတိတ်မှာ အာရက္ခပြည်သူတွေရဲ့ အကြောင်းကိစ္စ ကြီးငယ်ဟူသမျှကို အာရက္ခပြည်သူတွေအချင်းချင်း လက်တွဲ ဖြေရှင်းခဲ့ကြရသလို အနာဂတ်မှာလည်း အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူ ပူးပေါင်း အဖြေရှာသွားကြရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ချစ်ချင်ယောင်ဆောင်နေတဲ့ စစ်တပ်နဲ့ စစ်တပ်လော်ဘီတွေ၊ ဖြစ်ချင်သလို မဖြစ်ရလို့ ရေနစ်သူကို ဝါးကူထိုးပြီး လောင်နေကြတဲ့ စစ်တပ်နဲ့ စစ်တပ်လော်ဘီတွေကို ပြောချင်တာက အာရက္ခပြည်သူတွေအပေါ်မှာ စစ်တပ်ချစ်တာ၊ မာယာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်လို့သာ။ ။
ရီရီလှိုင်(ကစ္ဆပမြီ)
10 Comment
Evwry werekend i userd too ppay a viusit thius web page, because i wissh for enjoyment,for tthe reaason thawt thi tis
website conations really fastidipus funny infomation too.
ofvd9wuaptigxxtye6hw
спил деревьев на участке услуги по спилу деревьев
карточка товара ии онлайн приложение для создания карточки товара
chicken road telefono chicken road telefono
ai создание карточек ии для создания карточек товаров вб
chicken road apk última versión https://chicken-road39683.icu
1вин коэффициенты 1вин коэффициенты
plinko deposit Bangladesh http://plinko18370.help
chicken road instalar apk http://chicken-road39683.icu/
дизайн проект ремонт квартиры дизайн проект для ремонта