စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့်မျောပါသေဆုံး

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့် မျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေဆင်းကူးတဲ့ အမျိုးသား ၃ ဦး အနက် ၂ ဦးဟာ ချောင်းရေနဲ့ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

“ရွာတစ်ဖက်ကမ်းကအပြန် ချောင်းကူးရာက‌နေ ၂ ဦးက ရေနဲ့ မျောပါသွားတာပါ။ ကျန်တစ်ဦးက အသက်ရှင် လွတ်မြောက်ပါတယ်။ ချောင်းက ရေစီးသန်တယ်။ သေဆုံးသူတွေရဲ့ အလောင်းကိုတော့ ကြာညိုကန်ရွာနားမှာ တွေ့ပါတယ်” လို့ ခမီလူမျိုဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်းရွာမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မောင်မောင်သန်းနဲ့ အသက် ၁၉ နှစ်အရွယ် အောင်ပိုင်တို့ ဖြစ်တယ်ပါတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် စုစု‌ပေါင်း ငါးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)