စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့်မျောပါသေဆုံး

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့် မျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေဆင်းကူးတဲ့ အမျိုးသား ၃ ဦး အနက် ၂ ဦးဟာ ချောင်းရေနဲ့ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

“ရွာတစ်ဖက်ကမ်းကအပြန် ချောင်းကူးရာက‌နေ ၂ ဦးက ရေနဲ့ မျောပါသွားတာပါ။ ကျန်တစ်ဦးက အသက်ရှင် လွတ်မြောက်ပါတယ်။ ချောင်းက ရေစီးသန်တယ်။ သေဆုံးသူတွေရဲ့ အလောင်းကိုတော့ ကြာညိုကန်ရွာနားမှာ တွေ့ပါတယ်” လို့ ခမီလူမျိုဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်းရွာမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မောင်မောင်သန်းနဲ့ အသက် ၁၉ နှစ်အရွယ် အောင်ပိုင်တို့ ဖြစ်တယ်ပါတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် စုစု‌ပေါင်း ငါးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ