နိုဝင်ဘာ 2024

အမ်းဒေသခံ လေးထောင်ကျော်ကို အာရက္ခတပ်တော်က စောင့်ရှောက်ထား

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၄) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရက္ခိုင်ပြည် အမ်းမြို့နယ်မှာ လက်ရှိ တိုက်ပွဲပြင်းထန်နေတာကြောင့် အမ်းမြို့နေ ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် က ဘေးလွတ်ရာကို ခေါ်ဆောင်ပြီး စောင့်ရှောက်ထားတယ်လို့ အမ်းဒေသခံတွေထံကနေ သိရပါတယ်။ တိုက်ပွဲကာလအတွင်း အမ်းမြို့တွင် ဒေသခံပြည်သူ ငါးထောင်နီးပါး ရှိပေမယ့် ပြီးခဲ့တဲ့ ၁
Read more

MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၄) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းအချို့ အာရက္ခတပ်တော် (AA) ထံ ကူးပြောင်းသွားကြောင်း သိရပါတယ်။ အညာဒေသက တပ်ရင်းဖြစ်ပြီး MOD ထံက လက်နက်အထောက်အပံ့ မရ၍ ကူးပြောင်းသွားခြင်း ဖြစ်ကြောင်း သိရပါတယ်။
Read more

စစ်ကောင်စီတပ်သားများကို CDF-Asho ခြုံခိုတိုက်၊ တပ်သား ၄ ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အင်အားဖြည့်ရန် စစ်ကူရောက်လာတဲ့ စစ်ကားများကို လမ်းတစ်လျောက် လုံခြုံရေးပေးနေတဲ့ စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို
Read more

ပြည်သူလူထုကို ထောက်ထား၍ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု TNLA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄) စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နေ့စဉ်ရက်စက်ဖြစ်ပွားနေသော တိုက်ပွဲတွေမှာ စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သော
Read more

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်စည်တန်ဖိုးတွေ ပိုမိုကွာခြားလာ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄) လက်ရှိ မြန်မာနိုင်ငံမှာ ​ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်နယ်တစ်ခုတည်းမှာတင် ကုန်ဈေးနှုန်းတွေရဲ့ တန်ဖိုးတွေက မတူညီတော့ဘဲ အရင်ကထက် ပိုပြီးတော့ ကွာခြားလာနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကုန်ဈေးနှုန်းတန်ဖိုး​က အရင်ကတည်းက တစ်နေရာနဲ့တစ်နေရာ မတူညီကြပေမယ့်
Read more

စစ်ကောင်စီ ဗုံးလာကြဲသဖြင့် လူမမယ်တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က (၂၄ နိုဝင်ဘာ ၂၀၂၄) နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယဉ်နဲ့ ဗုံးလာကြဲတာကြောင့် အသက် ၁၆ နှစ်အရွယ် လူမမယ်တစ်ဦး နဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ “
Read more

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

အာရက္ခတိုင်းမ်စ် ( ၂၄ နိုဝင်ဘာ ၂၀၂၄ ခုနှစ်) တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ရက္ခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေးဟာ မဖြစ်နိုင်သေးဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခတပ်တော်ဘက်မှာလည်း ရက္ခိုင်ပြည်နယ်ရှိ နယ်မြေတွေကို အသေခံတိုက်ယူပြီး နိုင်ငံရေးတန်ဖိုးကို မြှင့်ထားတာဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း
Read more

စစ်ကောင်စီမှ ပြည်ပအလုပ်သမားများကို စစ်မှုထမ်းဖို့ ပြန်ခေါ်ပေးရန် အေဂျင်စီများကို ဖိအားပေး

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၄) ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကနေ ပြည်ပထွက်ခွာအလုပ်လုပ်ကြတဲ့ လုပ်သားတွေထဲမှာ စစ်မှုထမ်းဆောင်ရမယ့် စာရင်းထဲမှာပါနေရင် အေဂျင်စီတွေက ပြန်ခေါ်ပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးနေကြောင်းကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံကနေ သိရပါတယ်။ အခုလက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပထွက်မယ့် လုပ်သားတွေ စာချုပ်ချုပ်ဆိုကြတဲ့ အခါမှာ စစ်မှုထမ်းဆောင်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အချက်အသစ်အနေနဲ့ ထပ်မံဖြည့်စွက်ပါရှိဦးမှာ
Read more

ရှမ်းမြောက်တိုက်ပွဲတွင် လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဟုဆို

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၄) ရှမ်းမြောက်တိုက်ပွဲတွေထဲမှာ လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာတဲ့သူတွေက သုံးသပ်ထားပါတယ်။ ရှမ်း​မြောက်ဧရိယာအားလုံးက တိုက်ပွဲတွေ ဖြစ်နေပေမယ့်လည်း လာရှိုးမြို့နယ်က လက်ရှိမှာ ထိတွေ့တိုက်ပွဲတွေ မရှိတော့ပါဘူး။ ဒါပေမယ့် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံထားရတာတွေ၊ စစ်တပ်က လေယာဉ်နဲ့ အကြိမ်ရေတော်တော်များများ ဗုံးကြဲခဲ့တဲ့ဒဏ်တွေကြောင့်
Read more