အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

အာရက္ခတိုင်းမ်စ် ( ၂၄ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ရက္ခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေးဟာ မဖြစ်နိုင်သေးဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ဘက်မှာလည်း ရက္ခိုင်ပြည်နယ်ရှိ နယ်မြေတွေကို အသေခံတိုက်ယူပြီး နိုင်ငံရေးတန်ဖိုးကို မြှင့်ထားတာဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ဘယ်လောက် လိုက်လျောပေးနိုင်မလဲဆိုတာ ရှိသေး တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုတော့ မဖြစ်နိုင်ဘူး။ ‌တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုတာက ကျနော်ပြောသလိုပဲ။ အပေးအယူလုပ် ရမယ်ဆိုတော့ အပေးကဘာလဲ၊ အယူကဘာလဲပေါ့လေ။ ရက္ခိုင်ကလည်း အသေအကြေခံပြီးတော့ ယူထားတဲ့ နယ်မြေတွေ တချို့ ရနေတဲ့အခါကြတော့ သူ့ရဲ့ နိုင်ငံရေးတန်ဖိုးကိုတော့ သူမြှင့်နိုင်တာပေါ့။ အဲဒီနိုင်ငံရေး တန်ဖိုး ကို မြှင့်တဲ့အပေါ်မှာ တစ်ဖက်ကလည်း ဘယ်လောက် လိုက်လျောပေးနိုင်မလဲပေါ့။ အဲဒီလိုတော့ ဖြစ်နိုင်ပါ တယ်။ အဲဒီလို အပေးအယူ မရှိရင်တော့ သူအားကြီးရင် သူတိုက်၊ နောက် တစ်ကျော့ပြန်ပေါ့လေ ၃၊ ၄ နှစ်ကြာ တော့ တစ်ဖက်က အားကြီးတော့ တစ်ဖက်က ပြန်တိုက်။ နယ်မြေစိုးမိုးရေးအရတော့ အသာစီး၊ ဒါပေမယ့် နိုင်ငံရေး အရတော့ ဘာစည်းလဲမသိတော့။ နိုင်ငံရေးကလည်း သူ့စည်းနဲ့ သူရှိတာပေါ့။ နိုင်ငံရေးအရေ သူ ဘာ အဆင့်အတန်း လိုချင်လဲ။ ဝ ထက်အဆင့် မနိမ့်တဲ့ ပြည်နယ်အဆင့်အတန်းတို့၊ ကွန်ဖက်ဒရေးရှင်းတို့ ဘာတို့ အော်နေတဲ့အခါကြတော့ ကွန်ဖက်ဒရေးရှင်းက စစ်မှန်တဲ့ ပြည်ထောင်စုထက်ကို နည်းနည်းပိုသွားတာပေါ့။ ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုလား၊ ကွန်ဖက်ဒရေးရှင်းလား ဒါမှမဟုတ်လည်း လုံးဝလွတ်လပ်ရေးလားဆိုတဲ့ နိုင်ငံရေးအဆင့်တွေက ပြဿနာဖြစ်တော့ အဲဒီအပေါ်မှာလည်း ဆွေးနွေးညှိနှိုင်းဖို့တော့ လိုမယ်ထင်တယ်။ နယ်မြေ သိမ်းတာနဲ့ နိုင်ငံရေးအဆင့်အတန်းနဲ့က တိုက်ရိုက်တော့ အချိုးမကျဘူး။ ညှိနှိုင်းပြီးတော့ သွားရမယ့် ကိစ္စဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးမရှိဘဲ နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ စစ်ရေးကိုပဲ ပြိုင်ဆိုင်နေမယ်ဆိုပါက နယ်မြေခံ လူထုကပဲ ကျေမွပျက်သုန်းပြီး နေစရာ၊ စားစရာမရှိဖြစ်နိုင်ကြောင်း၊ အဲဒီအခြေအနေကို ငဲ့ညှာတဲ့ ခေါင်းဆောင်မျိုး ရှိပါက ဆုံချက်တစ်ခုမှာ အပေးအယူတည့်သွားနိုင်ကြောင်း သူက ပြောပါတယ်။

အာရက္ခတပ်တော်ဘက်က တောင်းဆိုတဲ့အရာကို စစ်ကောင်စီဘက်က ဘယ်လောက်အတိုင်းအတာအထိ လိုက်လျောပေးနိုင်မလဲဆိုတာကတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်ရင် နယ်မြေများကို ပြန်လည်ရရှိဦးမယ်ဆိုတဲ့ မာနရှိနေသေးသလို အာရက္ခတပ်တော်ဘက်ကလည်း လိုချင်တဲ့ ပန်းတိုင် မရောက်မချင်း တိုက်နေကြမှာပဲလို့ တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အေအေနဲ့ စကစ ဘယ်အခါမှာ စကားပြောနိုင်မလဲဆိုတော့ အခု တရုတ်က ဒီတစ်ခေါက် မင်းအောင်လှိုင် လာတုန်းကလည်း ပြောလိုက်ပြီးပြီ။ ဗမာပြည်ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံး ချစ်ကြည်ရင်းနှီးစွာနဲ့ ပြောဆို ဆွေးနွေးတဲ့ ဆွေးနွေးပွဲကြီးတစ်ခု ဖြစ်လာဖို့လိုတယ်ဆိုပြီး ပြောလိုက်တာကို။ အဲဒီလို ဆွေးနွေးပွဲကြီးတွေ ဘာတွေ ဖြစ်လာရင်တော့ ဖြစ်ကောင်းဖြစ်မယ်ထင်တယ်။ အခုလောလောဆယ်ကတော့ စစ်တပ်ကလည်း အခုအချိန်အထိ သူတို့ မာန်မာန မချနိုင်သေးဘူး။ သူတို့ထင်တာ ခါတိုင်းလိုပဲ မဆလ တို့ နအဖ တို့လိုပဲ ရက်ရက် စက်စက် ဖိနှိပ်ပြီးတော့ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာလည်း ကွဲပြဲအောင်လုပ်ပြီးရင် သူတို့ ဆက်ပြီး တော့ ထိန်းနိုင်ဦးမယ်လို့ တွက်နေပုံရတယ်။ သူတို့က အခုအချိန်အထိ မာနက မချသေးဘူး။ သူတို့ တိုက်ရင် ရဦးမယ်လို့ တွက်နေပုံရတယ်။ အဲဒီတော့ သူတို့ ဆက်တိုက်နေဦးမှာပဲ။ အေအေကလည်း သူလိုချင်တဲ့ ပန်းတိုင် မရောက်မချင်း တိုက်ကြမှာပဲ” လို့ သူက ပြောပါတယ်။

ရက္ခိုင်တစ်ကျော့ပြန် တိုက်ပွဲဟာ ၂၀၂၄ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး အဲဒီ တစ်နှစ်အတွင်း ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၇ ခုထဲက မြို့နယ် ၁၀ ခုအပြင် ချင်းပြည်နယ်အတွင်းရှိ ဆမီး၊ ပလက်ဝမြို့နယ်တွေကိုပါ စစ်ကောင်စီက လက်လွှတ်ပေးခဲ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ ရက္ခိုင်ပြည်ကို ဆက်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ သုံးကာ ခုခံနေပြီး ပြည်နယ်မြောက်ပိုင်း နယ်စပ်က မောင်တောမြို့၊ အလယ်ပိုင်းက အမ်းမြို့နဲ့ တောင်ပိုင်း အစွန်ဆုံးက ဂွမြို့နယ်တွေမှာ အေအေထိုးစစ်တွေကို ခုခံနေရပါတယ်။

Related posts

ကျိန္တလီကို ရွေးတုအစိုးရတပ် ဗုံးချလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ

စစ်တွေ ဒကစ အနီးက ရွာတွေကို ရွေးတုအစိုးရတပ် ဖျက်ဆီးပြီး စစ်စခန်းလုပ် ခံစစ်ပြင်နေ

5 Comment

Casino_xvkt မတ် 28, 2026 - 5:44 မနက်

В каталоге представлены проверенные провайдеры и актуальные игровые новинки.
Pinco Casino
Выбирая Pinco Casino, вы делаете ставку на надежность и комфорт.

hghjfjdoss_opkr ဧပြီ 17, 2026 - 7:46 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
The outlook for hghjfjdossa is optimistic with many opportunities.

rent yacht montenegro 687 မေ 5, 2026 - 5:47 ညနေ

rent a yacht Montenegro https://rent-a-yacht-montenegro.com

Jamesveits မေ 9, 2026 - 11:10 မနက်

два холма 3 сезон смотреть между молотом и наковальней

ufc white house 305 မေ 15, 2026 - 12:35 မနက်

UFC Live Stream ufc white house

Add Comment