မတ် 2026

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆) ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မတ်လ ၃ ရက်ကစတင်ကာ တတိယအကြိမ်အ‌ြေဖစ် ကာကွယ်ဆေး ထိုးနှံပေးနေတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂ လ နဲ့
Read more

စကမက စက်သုံးဆီချွေတာရေး စုံနံပါတ်ပါတဲ့ကားတွေ စုံရက်မှာပဲ မောင်းနှင်ရမယ်လို့ဆို

အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆) စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်တွေဟာ လစဥ် စုံရက်တွေမှာ စုံအက္ခရာနဲ့ မ ရက်တွေမှာ မ အက္ခရာ နံပါတ်ပါယာဉ်တွေ မောင်းနှင်အသုံးပြုကြဖို့ ထုတ်ပြန်လာပါတယ်။ အဲဒီအစီအစဉ်ကိုတော့ မတ်လ ၇ ရက်နေ့မှ စတင်ကြဖို့
Read more

ယိုးငူရွာဖြစ်စဉ် သေဆုံးသူ ၁၉ ဦးထိ ရှိလာပြီး အရေးပေါ်လူနာတချို့ စိုးရိမ်နေရ

အာရက္ခတိုင်းမ်စ် (၃ မတ်လ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးထိ ရှိလာနေပြီး အရေးပေါ်လူနာတချို့ စိုးရိမ်ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အသက် ၇ နှစ် အရွယ်ရှိ မအေးငြိမ်းသွယ်
Read more

စကမ နေဗီက ငပလီဒေသခံ ငါးဖမ်းသမား ၅ ဦးကို ဖမ်းဆီး၊ စက်လှေသိမ်းပြီး နေဗီပေါ်ကနေ ပင်လယ်ထဲကန်ချ

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဒေသခံ ငါးဖမ်းသမား ၅ ဦးကို စစ်ကော်မရှင်ရဲ့ နေဗီက ဖမ်းဆီးသွားပြီး စက်လှေကို သိမ်းကာ ငါးဖမ်းသမား ၅ ဦးကိုတော့ နေဗီကနေ ပင်လယ်ထဲ ကန်ချခဲ့တယ်လို့ သိရပါတယ်။ “ငပလီကမ်းခြေက စက်လှေတစီးနဲ့ ငါးသွားဖမ်းတဲ့ ငါးဖမ်းသမား ၅ ယောက်ကို စစ်ကောင်စီနေဗီက ဖမ်းတယ်။ ငါးဖမ်းသမားတွေကို နေဗီထက်သို့တင်ပြီး မင်းတို့ငါးယောက် နေဗီထက်မှာ သေချင်သလား၊ ရေထဲမှာ သေချင်သလား ဆိုပြီးတော့ မေးတယ်တဲ့။ ငါးဖမ်းသမားတွေကလည်း ရေထဲမှာပဲ သေချင်ပါတယ်လို့ ပြန်ပြောကြတော့ စက်လှေကို သိမ်းထားလိုက်ပြီး ငါးယောက်လုံးကို နေဗီပေါ်ကနေ ကန်ချလိုက်တယ်” လို့ ငပလီမြို့ ဒေသခံတဦးက ဆိုပါတယ်။ စစ်ကော်မရှင်က ရေထဲကန်ချခံလိုက်ရတဲ့ ငါးဖမ်းသမား ငါးဦးဟာ ပင်လယ်ထဲမှာ ရေကူးနေစဉ် ဆီဗူးအဝါဗူး တယောက် တဗူးဆီ ပစ်ပေးပြီး လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ “သူတို့ ငါးဖမ်းသမား ငါးယောက်က  လူစုမကွဲရအောင် ကြိုးစားရင်း ကမ်းရှိရာဖက်ကို ကူးလာကြတယ်တဲ့။ ကံကောင်းလို့ ငါးရှာထွက်လာတဲ့ ကျော့ပိုက်စက်လှေနဲ့တွေ့လို့ ကယ်တင်လာကြတယ်” လို့ သူက ဆက်ပြောပါတယ်။ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးပြီး ပစ္စည်းသိမ်းတာတွေ၊ လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလကလည်း ရက္ခိုင်ပြည် ပေါက်တောမြို့နယ်က ရေလုပ်သား မူဆလင်တွေကို စစ်ကော်မရှင်ရဲ့ နေဗီက စစ်တွေမြို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပေါက်တောမြို့နယ် ဆင်တက်မော်ရွာက မွတ်ဆလင်ရေလုပ်သား ၂၈ ဦးနဲ့အတူ ငါးဖမ်းလှေ ၃ စီး လည်း ဖမ်းဆီးခဲ့ပါသေးတယ်။
Read more

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) အာရက္ခတပ်တော်က ဒရုန်းနဲ့ ပတ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့ ရွှေမင်းဂံရေတပ်စခန်းက စစ်ကော်မရှင် တပ်သား ၂၀ ခန့် သေဆုံးသွားတယ်လို့ သိရပါတယ်။ “ AA က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မင်းဂံ ရေတပ်စခန်း ရှိတဲ့နေရာတွေအထိ Speed Boat
Read more

မင်းပြားခရိုင်က ကူးတို့များ စနစ်တကျလုပ်ဆောင်ထားခြင်း ရှိ၊ မရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေး

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားခရိုင်အတွင်း လေလံအောင်ထားတဲ့ ကူးတို့များ စနစ်တကျ လုပ်ဆောင်နေခြင်း ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မြေပြင်ဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ လေလံအောင်မြင်ထားတဲ့ ကူးတို့ပိုင်ရှင်တွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမယ့်အချက်များ နဲ့ အခွန်အခများကိုလည်း
Read more

လွတ်ငြိမ်းရမိသားစု ဆေးကုသနိုင်ရန် ULA ပါတီ ငွေကြေးထောက်ပံ့

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) လွတ်ငြိမ်းခွင့်ရမိသားစု ဆေးကုသနိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ငွေကျပ် ၁၀ သိန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိသားစုဟာ ၂၀၂၄ ခုနှစ် ဘူးသီးတောင်တိုက်ပွဲတွင် အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သား ဦးစိုးထက်ရဲ့ မိသားစုဝင်ပဲ ဖြစ်ပါတယ်။ ဦးစိုးထက်ရဲ့
Read more

မင်းတုန်းဖြစ်စဉ် သေဆုံးသူထဲတွင် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့် ဖခင်ပါဝင်

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆) မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် အပါအဝင် ၂၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါ သေဆုံးသူထဲတွင် ရက္ခိုင်ပြည် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်ရဲ့ ဖခင်ဖြစ်သူလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့ ကြားရတဲ့သတင်းက အဖေဆုံးပြီ” လို့ စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ စစ်ကော်မရှင်က ဗုံးကြဲချခဲ့တဲ့နေရာဟာ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်ကြားက ကုန်သည်တွေစုရပ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။
Read more

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆) မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်က စစ်ကူပို့ရန် ကြိုးစားနေပြီး အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။‎“ စကမက လမ်းသစ်ကကော လမ်းဟောင်းကပါ ပစ (ပြည်သူ့စစ်) တွေနဲ့ ရိက္ခာတွေ ပို့ဖို့ကြိုးစားနေတာ။ အဲဒါကို AA
Read more

မင်းပြားတွင် ကားတိုက်ခံရလို့ အမျိုးသားတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မတ်လ ၁ ရက် မနက်ပိုင်းက ကားတိုက်ခံရလို့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ ထင်းရှာဖို့ဆိုပြီး ထွက်သွားတာ၊ လမ်းမှာ ကားတိုက်ခံလိုက်ရတယ်။ ပွဲချင်းပြီး ဆုံးသွားတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
Read more