AA လို့ဆိုကာ စစ်တွေဒေသခံတဦးကို စစ်ကော်မရှင် ရိုက်သတ်

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့က အသက် ၄၅ နှစ်အရွယ် ဒေသခံတဦးကို AA လို့ စွပ်စွဲပြီး စစ်ကော်မရှင်က ရိုက်နှက် နှိပ်စက်လို့ သြဂုတ်လ ၁၂ ရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သူက ဆိုက်ကားနင်းတယ်။ ချောင်း မြောင်းထဲမှာ ဖားရှာ ငါးရှာလုပ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်နေတာ။ အဲဒါကို ပြီးခဲ့တဲ့ ၉ ရက်က ဖမ်းသွားပြီး နှိပ်စက်တာ ၁၂ ရက်နေ့မှာ ဆုံးသွားတယ်” လို့ စစ်တွေ‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူမှာ ရက္ခိုင်ပြည် စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်နေ ဦးစုလှိုင် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

“သူ့ (ဦးစုလှိုင်) အလောင်းကိုတောင် မိသားစုကို ပြန်မပေးဘူး။ ဆုံးသွားပြီ၊ သင်္ဂြိုလ်ချင် သင်္ချိုင်းလာခဲ့ဆိုလို့ မနေ့က လူနည်းနည်းနဲ့ သင်္ဂြိုလ်လိုက်ရတယ်” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် စစ်တွေမြို့တွင် အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးကို စစ်ကော်မရှင်က သြဂုတ်လ ၃ ရက် ညအချိန်တွင် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Related posts

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

4 Comment

GeorgeLix မေ 29, 2026 - 7:51 ညနေ

Монтаж сайдинга в Молодечно с использованием оригинальных комплектующих. Не экономим на доборах — дом будет выглядеть дорого. Защитим откосы и козырьки. Звоните в любое время. монтаж сайдинга молодечно

Richardced ဇွန် 24, 2026 - 3:41 ညနေ

Кровельные работы в Минске с гарантией результата. Мы специализируемся на устройстве скатных и плоских крыш. Проводим тщательную подготовку основания, укладку пароизоляции и утеплителя. Занимаемся ремонтом протечек и полной заменой покрытия. Работаем круглый год. Даем рекомендации по эксплуатации крыши. Наши цены вас приятно удивят. Оставьте заявку, и мы предложим лучшее решение для вашего дома.Крыша Минск цена

MiltonHem ဇွန် 26, 2026 - 8:58 မနက်

Монтаж сайдинга Минск для новостроек – устанавливаем фасады параллельно с внутренней отделкой, чтобы не затягивать сдачу объекта. Мы оперативны, координируемся с другими строительными бригадами. Есть опыт работы с генподрядчиками. Предоставляем график работ и ведомость объемов. Оптимизируем логистику материалов. Надёжно! Монтаж сайдинга на фасад Минск

RobertHak ဇူလိုင် 28, 2026 - 3:27 ညနေ

Все самое свежее здесь: https://perfumerio.ru/s/le-galion-222/

Add Comment