NewsPolitic

AA လို့ဆိုကာ စစ်တွေဒေသခံတဦးကို စစ်ကော်မရှင် ရိုက်သတ်

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့က အသက် ၄၅ နှစ်အရွယ် ဒေသခံတဦးကို AA လို့ စွပ်စွဲပြီး စစ်ကော်မရှင်က ရိုက်နှက် နှိပ်စက်လို့ သြဂုတ်လ ၁၂ ရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သူက ဆိုက်ကားနင်းတယ်။ ချောင်း မြောင်းထဲမှာ ဖားရှာ ငါးရှာလုပ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်နေတာ။ အဲဒါကို ပြီးခဲ့တဲ့ ၉ ရက်က ဖမ်းသွားပြီး နှိပ်စက်တာ ၁၂ ရက်နေ့မှာ ဆုံးသွားတယ်” လို့ စစ်တွေ‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က အာရက္ခတပ်တော် တပ်ဖွဲ့ဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူမှာ ရက္ခိုင်ပြည် စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်နေ ဦးစုလှိုင် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

“သူ့ (ဦးစုလှိုင်) အလောင်းကိုတောင် မိသားစုကို ပြန်မပေးဘူး။ ဆုံးသွားပြီ၊ သင်္ဂြိုလ်ချင် သင်္ချိုင်းလာခဲ့ဆိုလို့ မနေ့က လူနည်းနည်းနဲ့ သင်္ဂြိုလ်လိုက်ရတယ်” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည် စစ်တွေမြို့တွင် အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၃ ဦးကို စစ်ကော်မရှင်က သြဂုတ်လ ၃ ရက် ညအချိန်တွင် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

Related posts

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

Rakhita Times

အာရက္ခနိုင်ငံတော် လက်ထဲက သင် (သို့) သင့်လက်ထဲက အာရက္ခနိုင်ငံတော်

Rakhita Times

ကူတောင် ခရီးသည်ဘုတ် နစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများလည်း ရှိနေ

Rakhita Times

4 comments

Leave a Comment