KNU ကို အကြမ်းဖက် ကြေညာလိုက်တာက စစ်ဆင်ရေးလုပ်မှာကြောင့် ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၉ ဩဂုတ် ၂၀၂၅)

အကြမ်းဖက် စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး( KNU) ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေညာလိုက်တာက စစ်ဆင်ရေးတွေ သေချာလုပ်မှာကြောင့် ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် KNU ဟာ ထိုင်းနိုင်ငံဘက်အခြမ်းနဲ့ တိုက်ရိုက်ဆွေးနွေးတာမျိုးကို စစ်အုပ်စုဘက်က ကြိုတားတာလည်း ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

“သူ့ဘာသာသူ ဘာကြေညာ ကြေညာပေါ့။ ကိုယ့်ဘာသာ ပြီးရင် ပြီးတာပဲ။ တော်လှန်ရေးအင်အားစုတွေကို သူဒီလိုပဲ လျှောက်ကြေညာနေတာ။ ကြည့်ရတာ ဒါကို စစ်ဆင်ရေးတွေ ဘာတွေ သေချာလုပ်တော့မလို့လားမှ မသိတာ။ အရင်တုန်းကလည်း တောက်လျှောက် ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ သဘောထားတာပဲလေ။ ဘယ်တုန်းက ဘာပြောင်းလိုက်လို့ အခုတစ်ခါ ထပ်ပြီးကြေညာလဲ ကျမလည်း သဘောမပေါက်ဘူး။ ကျမကြည့်တာ ဒီလိုဖြစ်မယ် ထင်တယ်။ စစ်တပ်ကလည်း သူ့ကိုယ်သူ ဘယ်လိုခေါ်မလဲ အာဏာပိုင်အဖွဲ့ဆိုပြီး ပြုလာတာဖြစ်နိုင်တယ်။ KNU က တိုက်ရိုက် ထိုင်းတို့ ဘာတို့ဘက်နဲ့များ ဆွေးနွေးတာတွေ ရှိလားမှမသိတာ။ အဲဒါကို ကြိုတားတာလည်း ဖြစ်နိုင်မယ်ထင်တယ်” လို့ သူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အဖွဲ့အဖြစ် အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာနကလည်း မတရားအသင်းအဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှာ ကြေညာခဲ့တာပါ။

ဒီမတိုင်ခင်မှာ KNU ဟာ အကြမ်းဖက်စစ်အုပ်စုက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်းပြောဆိုထားသလို ကရင်လက်နက်ကိုင်အဖွဲ့ များ၊ ကရင်နိုင်ငံရေးအင်အားစုများ၊ ကရင်ပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးဟာ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

အခုလိုမျိုး မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းက ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ တိုက်တွန်းနေတာတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ဒီအခြေအနေအရ စစ်ရေးဟာ ကျယ်ပြန့်လာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပါတာပေါ့။ သူက ဒီဟာက အကြမ်းဖက်။ သူက KNU ရှိနေတဲ့ ဒေသတွေမှာ အကြမ်းဖက် အဖွဲ့ဖြစ်တဲ့အတွက် အတင်းအကြပ် ဖိနှိပ်တာတွေ၊ ဗုံးကြဲတာတွေ ဘာတွေ လုပ်လို့ရသွားမယ်လေ။ အခုကတော့ ပုံစံကြည့်ရတာတော့ တော်တော် နေရာတကာမှာကို ကျယ်ပြန့်လာစရာအကြောင်း ရှိပါတယ်။ သူတို့ကတော့ ကြည့်ရတာ ရွေးကောက်ပွဲနီးလေ လိုချင်တဲ့ဒေသတွေများလေ ဖြစ်မှာပေါ့။ သူ့အတွက်က တရားဝင်ဖို့ဆိုရင်တော့ ဒေသများများမှာ လုပ်နိုင်မှ ဖြစ်မှာကို။ အဲဒီအခါကြတော့ သူက များများရရေးအတွက်ကို စစ်ဆင်ရေးတွေက ပိုပြီးတော့ ပြင်းထန်လာမယ်ထင်တယ် ကြည့်ရတာ” လို့ သူက‌ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း  အာရက္ခတပ်တော်အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာပါ။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ထားပြီး မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

သာပေါင်းတွင် စကစ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင်တစ်ဦး သေဆုံး

ကျန်းမာရေးဌာနနဲ့ HDCO တို့အတွက် ဝန်ထမ်းခေါ်ယူမယ်လို့ APSC ထုတ်ပြန်

ရသေ့တောင်ကို ဗုံး ၁၇ လုံးကြဲ၊ ပြည်သူ ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ

3 Comment

HenryJip စက်တင်ဘာ 10, 2026 - 3:59 ညနေ

Лечение в наркологии может состоять из нескольких последовательных направлений. Одному человеку требуется вывод из запоя и последующая терапия алкоголизма, другому — лечение наркомании с длительной реабилитацией, третьему — консультация психиатра или психотерапевта. В каждом случае задача специалистов заключается в том, чтобы подобрать медицинское решение с учетом диагноза, состояния здоровья, опыта предыдущего лечения и целей самого зависимого.
Ознакомиться с деталями – стациомедика наркологическая клиника вывода из запоя москва отзывы

BrianClofs စက်တင်ဘာ 22, 2026 - 8:28 ညနေ

Процесс начинается с осмотра. Опытный врач выясняет продолжительность запоя, объем алкоголя, возраст, хронические патологии и принимаемые препараты. Нарколог должен знать, были ли в прошлом судороги, психоз, серьезное отравление, проблемы с сердцем или другие осложнения. После этого специалист подбирает лечение на дому и определяет, требуется ли капельница. В стабильном состоянии процедуры могут проходить дома, а при высоком риске врач рекомендует лечение в клинике.
Получить больше информации – vyvod-iz-zapoya-s-vyezdom

Marcosmoori စက်တင်ဘာ 27, 2026 - 12:34 မနက်

Заявку можно оставить в любое время, специалист быстро сориентирует по дальнейшим действиям.
Получить больше информации – stoimost-kapelnicy-na-domu

Add Comment