NewsPolitic

AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

အာရက္ခတိုင်းမ်စ် (၂၉ ဩဂုတ် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်ရဲ့ နေဗီတစီး မီးလောင်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီတစီးကို သြဂုတ်လ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်မှာ အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘောတစီးကို မာန်အောင် နဲ့ ရမ်းဗြဲကျွန်းကြားမှာ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်” လို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြု ပြောကြားပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်လို့ မီးလောင်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ နေဗီအမျိုးအစားဟာ Frigate အမျိုးအစား ဟုတ် မဟုတ် အတိအကျ မသိရပေမယ့် စစ်ရေယာဥ်အကြီးအစားဖြစ်တယ်လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ စစ်ကော်မရှင်ရဲ့ နေဗီဟာ ကမ်းခြေနဲ့ မီတာ တသောင်းကျော် အကွာအဝေးကနေ သွားလာနေလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၉ ရက်ကလည်း ရက္ခိုင်ပြည် ငပလီကမ်းခြေက ပြန်လာတဲ့ စစ်ကော်မရှင်ရဲ့ နေဗီတစီးကို ဧရာဝတီတိုင်း ဘောမိတွင် အာရက္ခတပ်တော်က ပစ်ခတ်ခဲ့လို့ မီးလောင် ရေထဲနစ်မြုပ်ခဲ့ပါတယ်။

Related posts

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

ရမ်းဗြဲကို စစ်ကော်မရှင်က ရေကြောင်း နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေ

Rakhita Times

စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အထောက်အပံ့များ လိုအပ်

Rakhita Times

1,708 comments

Leave a Comment