မြေပုံမြို့နယ်က ခိုးရာပါ စက်လှေများကို ပိုင်ရှင်ထံ DLEPS ပြန်အပ်

အာရက္ခတိုင်းမ်စ် (၁၉ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြေပုံမြို့နယ်အတွင်း ခိုးရာပါ ဖိုင်ဘာစက်လှေများကို မူလပိုင်ရှင်များထံ တရားဥပဒေစိုးမိုးရေနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဒီဇင်ဘာလ ၁၈ ရက်မှာ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

“သူခိုးတွေ ခိုးထားတဲ့ စက်လှေတွေကို ဒီလပ်စ် (DLEPS) က ဖမ်းမိထားတာ။ အဲဒါတွေကို စီစစ်ပြီးတော့ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်တာ” လို့ မြေပုံမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရားဥပဒေစိုးမိုးရေနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးရရှိခဲ့တဲ့ ဖိုင်ဘာစက်လှေ ၁၀ စီးကို အခမ်းအနားနဲ့ မူလပိုင်ရှင်ထံ ပြန်လည် အပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာနမှ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးဌာနဝန်ထမ်းများအပါအဝင် စက်လှေပိုင်ရှင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်ကလည်း မြောက်ဦးခရိုင်အတွင်း သူခိုးများ ခိုးယူထားတဲ့ ခိုးရာပါ ဆိုင်ကယ်များကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ပါတယ်။

Photo – APM

Related posts

ဂွမြို့နယ်မှာ ရွာ ၂ ရွာ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပြီး တိရစ္ဆာန်တွေ သေဆုံး

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ