မင်းပြားကို အမြောက် ၇ ချက် ပစ်ပြီး အဥ္နပူရမြို့ အမည်ပြောင်း

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမြောက် ၇ ချက် ပစ်ပြီး ဒီကနေ့မနက်မှာ အဥ္ဇနပူရ လို့ မြို့အမည် ပြောင်းလဲလိုက်တယ်လို သိရပါတယ်။

“ဟုတ်တယ် အမြောက် ၇ ချက် ထုတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မင်းပြားမြို့ကို အဥ္ဇနပူရ (Anjanapura) လို့ တရားဝင်ပြောင်းလဲလိုက်ပေမယ့် တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

အလားတူ ပေါက်တောမြို့ကိုလည်း ဝီရဌာနီမြို့အဖြစ် အမည်ပြောင်းလဲမယ်လို့ သိရပါတယ်

Related posts

သမိုင်းသစ်ကာလသို့ လျှောက်လှမ်းရာဝယ်

AA လှုပ်ရှားနေတယ်ဆိုပြီး ငေါတောင်ကို ရွေးတုတပ် ဗုံးကြဲဖျက်ဆီး

စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား