မင်းပြားကို အမြောက် ၇ ချက် ပစ်ပြီး အဥ္နပူရမြို့ အမည်ပြောင်း

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမြောက် ၇ ချက် ပစ်ပြီး ဒီကနေ့မနက်မှာ အဥ္ဇနပူရ လို့ မြို့အမည် ပြောင်းလဲလိုက်တယ်လို သိရပါတယ်။

“ဟုတ်တယ် အမြောက် ၇ ချက် ထုတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မင်းပြားမြို့ကို အဥ္ဇနပူရ (Anjanapura) လို့ တရားဝင်ပြောင်းလဲလိုက်ပေမယ့် တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

အလားတူ ပေါက်တောမြို့ကိုလည်း ဝီရဌာနီမြို့အဖြစ် အမည်ပြောင်းလဲမယ်လို့ သိရပါတယ်

Related posts

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

ရက္ခိုင်ပြည်ရောက် စစ်ကောင်စီဗိုလ်မှူး တိုက်ပွဲမှာ သေဆုံးတယ်လို့ မိသားစုနီးစပ်သူပြော၊ အလောင်းပြန်မရ