အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီကျော်ခန့်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“အတိအကျ မသိပေမယ့် ခန့်မှန်းပြောရရင်တော့ ပဒေသာဖက်လို့တော့ ထင်တယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ ဗုံး ၄ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး သတင်း အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။