ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက် ၂ နာရီခန့်မှာ FPV Drone နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးတပ်ဟာ ပုဏ္ဏားကျန်းမြို့နယ် ကျောက်ဆိပ်ရွာကို FPV Drone နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ပေါက်တော (ဝီရဌာနီ) မြို့နယ် သဝင်ချောင်းရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ FPV Drone နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၆၃ အရွယ် ‌ဒေါ်လှသန်းရီ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်လှသန်းရီဟာ ရွေးတုအစိုးရတပ်ရဲ့ FPV Drone တိုက်ခိုက်မှုကြောင့် ဘယ်ဖက်ရင်အုံမှာ ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ ဒေါ်လှသန်းရီရဲ့ ရုပ်အလောင်းကိုတော့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ ဖြစ်စဉ်အတွက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည့် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

Related posts

တံတားဦးလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် နိုင်ငံတကာခရီးစဉ် ရပ်နားထား

AA က နိုင်ငံအနှံ့ မဟာမိတ်ကွန်ရက် တည်ဆောက်ထားနိုင်

ကျောက်ဖြူတွင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ရွာတွေကို ကွင်းဆင်းကုသပေး