ဇူလိုင် 2026

သံတွဲမြို့နယ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာရ(၁ နှစ်အရွယ်ကလေး ဒဏ်ရာရပြီး သူ့မိဘနှစ်ဦးလုံး သေဆုံး)

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေရွာကို ‌ရွေးတုအစိုးရတပ်က ဒီကနေ့ ညနေ ၃ နာရီခန့်မှာ လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာ
Read more

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူ ၆ သိန်းနီးပါးအထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆) နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူ ၆ သိန်းနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး၊ စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ နွေဦးဘဏ်ဟာဆိုရင် ၂၀၂၆ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ
Read more

ပုဏ္ဏားကျွန်းလမ်းဘေးတွင် စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးကို အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ပြုစုစောင့်ရှောက်ထား

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ပိုင်နက်ရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ံထားရတဲ့ မွေးကင်းစကလေးငယ်ကို အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက လက်ခံကာ ပြုစု စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ “အသက် ၃၀ ကျော် ပေါက်တောဇာတိ အမျိုးသမီးတစ်ယောက် ပုဏ္ဏားကျွန်းကနေ မြောက်ဦးကို ဆိုင်ကယ်နဲ့ လာတဲ့အချိန်မှာ ပုဏ္ဏားကျွန်းပိုင်နက်
Read more

AA တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း လုံးဝမရှိဘဲ ရွေးတုအစိုးတပ်က တပ်ဖွဲ့ဝင်တွေသာ ဆက်တိုက် လက်နက်ချနေ

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆) အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ချ အလင်းဝင်ခြင်းမရှိဘဲ ရွေးတုအစိုးရတပ်က တပ်ဖွဲ့ဝင်တွေသာ ဆက်တိုက်ဆိုသလို လက်နက်ချတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။ “မြေပြင် ပကတိ အရှိတရားကတော့ အကြမ်းဖက် စစ်ကော်စီတပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်တွေ ပျက်ပြားနေပြီး အဖွဲ့လိုက်
Read more

ရက္ခိုင်မှာ ငွေထုတ်ခ ၁၀ ရာခိုင်နှုန်းထိ ပေးနေရ

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်က မြို့နယ်တချို့မှာ ငွေလွှဲ ငွေထုတ်ခ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေ ၁ သိန်းကျပ်ကို ၁ သောင်းကျပ်ထိ ပေးပြီး ထုတ်နေရတယ်လို့ သိရပါတယ်။ “တချို့မြို့က ရွာတွေမှာတော့ တစ်သိန်းကို တစ်သောင်းပေးထုတ်ရတယ်တော့ ပြောတယ်။ ကျမတို့ တောင်ကုတ်မှာတော့
Read more

သွေးလွန်တုတ်ကွေးကြောင့် ၁ နှစ်ကျော်ကလေး အပါအဝင် ၃ ဦး သေဆုံး၊ ၁၅၅ ဦး ဆေးရုံတက် ကုသနေရ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဒီကနေ့အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ၁ နှစ်ကျော်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၅၅ ဦးအထိ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်က အသက် ၁
Read more

အဥ္ဇနပူရမြို့က ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးသွာတဲ့ အိမ် ၃၈ အိမ် အတွက် ULA/AA ငွေကျပ် ၈ သိန်းစီ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် အဥ္ဇနပူရမြို့က မြစ်ရေတိုက်စားခဲ့လို့ ကမ်းပါးပြိုပြီး နေအိမ်ပျက်စီးသွားတဲ့ နေအိမ် ၃၈ အိမ်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အိမ် ၁ အိမ်ကို ငွေကျပ် ၈ သိန်းစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၃
Read more

အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေပြည်သူများ ကမ်းပြိုမှုကြောင့် အကူအညီ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေ ပြည်သူတွေဟာ ကမ်းပါးပြိုမှုတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “စားရေးပါ နေရေးပါ တောင်းဆိုရဖို့ ဖြစ်နေတယ်။ မဟုတ်ရင် ဘယ်က ဝယ်နိုင်ဖို့လဲ။ အရီးမတို့မှာ သားသမီးအထောက်အကူလည်း ချမ်းသာတာကော မရှိ၊ ဒီနေ့ရမှ ဒီနေ့စားရတယ်
Read more

AA တပ်ဖွဲ့ဝင် ၂၀ အပါ ၃၂ ဦး အလင်းဝင်တယ်လို့ ရွေးတုအစိုးရ ဝါဒဖြန့်

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၂၀ အပါအဝင် တော်လှန်ရေးတပ်ဖွဲများက တပ်ဖွဲ့ဝင် စုစုပေါင်း ၃၂ ဦး အလင်းဝင်ရောက်လာတယ်လို့ ရွေးတုအစိုးရက ဇူလိုင်လ ၂၉ ရက်မှာ ဝါဒဖြန့်ချီခဲ့ပါတယ်။ ရွေးတုအစိုးရထံ အာရက္ခတပ်တော်မှ အလင်းဝင်လာသူများမှာ ဂွမြို့နယ်က ၄ ဦး၊
Read more

ဘူးသီးတောင်က မူဆလင်လူငယ်တွေ ပညာသင်ကြားနိုင်ရန် AA နဲ့ မော်လဝီဆရာများ တွေ့ဆုံဆွေးနွေး

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်လူငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ မော်လဝီဆရာတို့ ဇူလိုင်လ ၂၆ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ “ရက္ခိုင်ဘာသာ စကားမတတ်တဲ့ အားနည်းချက်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ ဆေးဝါးကုသမှုခံယူရာတွင် စကားပြန်လိုအပ်ခြင်း၊ လမ်းသွားလမ်းလာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ လူမျိုးနှစ်မျိုးအကြား အချိတ်အဆက် မရှိခြင်းအပြင် ရက္ခိုင်နန့် မူဆလင်လူမျိုးများအကြား လူမှုသဟဇာတကျနိုင်ရေးဝေးကွာသွားရခြင်းတို့ ဖြစ်ပေါ်
Read more