ဇူလိုင် 2026

မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို တစ်နေ့တည်း တစ်ချိန်တည်း ပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဇူလိုင်လ ၂၈ မနက် ၆ နာရီတွင် တစ်ချိန်တည်း ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မင်းပြားမြို့ကို အဥ္ဇနပူရမြို့ အဖြစ်နဲ့ ပေါက်တောမြို့ကို ဝီရဌာနီမြို့ အဖြစ်
Read more

ဧရာဝတီကို ရွေးတုအစိုးရက ဗျူဟာမှူးများပို့ကာ AA ထိုးစစ်ကို ခုခံခိုင်းနေ

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆) ဧရာဝတီတိုင်းက မြို့နယ် ၂ ခု မှာ ရွေးတုအစိုးရက ဗျူဟာမှူးများကို ရှေ့တန်းပို့ကာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “လောလောဆယ် သိရတာကတော့ ဗျူဟာမှူး ၃ ယောက်ကို ရေကြည် နဲ့ သာပေါင်းမြို့နယ်ထဲက
Read more

အမ်းထိုးစစ်ကို ဟန့်တားရန် AA က နတ်ရေကန်ကို မသိမ်းဘဲ တာဝါတိုင်စခန်းကိုသာ အခြေကုပ်ထား

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆) ရွေးတုအစိုးရရဲ့ အမ်းမြို့နယ်ကို ထိုးနိုင်တဲ့ ထိုးစစ်ကို ဟန့်တားနိုင်ရန် အာရက္ခတပ်တော်က မသိမ်းဘဲ တာဝါတိုင်စခန်းတွင်သာ အခြကုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ “သဘာဝဓာတ်ငွေ့ပိုက်လိုင်း Sub Station ရှိတဲ့ တာဝါတိုင်စခန်းကုန်းကို ခြေကုပ်ယူထားပြီး အကြမ်းဖက်တပ်ရဲ့ အမ်းရိုးမချီ စစ်ကို ဟန့်တားထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
Read more

နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ရက် ၁၀၀ အတွင်း မဖြေရှင်းနိုင်လို့ စောမြရာဇာလင်းပြော

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ရက် ၁၀၀ အတွင်းမှာ မဖြေရှင်းနိုင်ဘူးလို့ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံကိန်းနဲ့ ပတ်သက်ပြီး
Read more

သွားရောဂါသည် ၁၂၀ ကို AA စမ်းသပ်စစ်ဆေး၊ ၈၅ ယောက်ကို ကုသပေးခဲ့

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ သွားရောဂါဝေဒနာရှင် ၁၂၀ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားရောက်စမ်းသပ် စစ်ဆေးပေးခဲ့ပြီး ၈၅ ယောက်ကိုတော့ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။ “စစ်ရှောင်သွားရောဂါဝေဒနာရှင် စုစုပေါင်း ၁၂၀ ကို အခမဲ့ စမ်းသပ်ကုသပေးခဲ့ပြီး သူတို့အထဲက
Read more

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က မနှင်းနှင်းဝေအမှုအတွက် တရားခံကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများကတောင်းဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုချခဲ့ကြပြီး မျိုးချိုက်လူငယ်ပရဟိတအသင်းများရဲ့ အဖွဲဝင်များဖြစ်တဲ့ ရက္ခိတဂုဏ်ရောင်ပရဟိတအသင်း၊ ရမ္မာဝတီဇာမဏီပရဟိတအသင်း၊ စိုင်ခြုံပရဟိတအသင်း၊ ရမ္မာမြီပရဟိတ (ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့)၊
Read more

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေး

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် တစ်စီးကို ကူညီ လှူဒါန်းခဲ့တယ်လို့ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်းက ဆိုပါတယ်။ အဆိုပါ လှူဒါန်းမှုကို အသင်းနဲ့အတူ ပြည်တွင်း ပြည်ပ အလှူရှင်တွေ စုပေါင်း ကူညီခဲ့တာဖြစ်ပြီး အရေးပေါ်လူနာတင်ယာဉ်မှာ ပါရှိရမယ့် လိုအပ်တဲ့
Read more

ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သြဂုတ်လ ၂ ရက်တွင် ဂျပန်မှာ ကျင်းပမယ်

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ဒုတိယအကြိမ် ရက္ခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို သြဂုတ်လ ၂ ရက်တွင် ဂျပန်နိုင်ငံမှာ ကျင်းပမှာ ဖြစ်တယ်လို့ သင်္ကြန်ပွဲတော် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်တွေနဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီး တိုကျိုမြိုရှိ
Read more

မင်းပြားကို အမြောက် ၇ ချက် ပစ်ပြီး အဥ္နပူရမြို့ အမည်ပြောင်း

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားမြို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမြောက် ၇ ချက် ပစ်ပြီး ဒီကနေ့မနက်မှာ အဥ္ဇနပူရ လို့ မြို့အမည် ပြောင်းလဲလိုက်တယ်လို သိရပါတယ်။ “ဟုတ်တယ် အမြောက် ၇ ချက် ထုတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို
Read more

သံတွဲ လင်းမူးတောင်ကို ရွေးတုအစိုးရ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲမြို့နယ် လင်းမူးတောင်‌ကျေးရွာကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၂၇ ရက် ည ၁၀ နာရီခန့်တွင် လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လိ့ သိရပါတယ်။ “လူတွေအိပ်ချိန်ရယ်၊ ရွာပြင်ကျတာကြောင့် တော်သေးတယ်။ ဒါပေမယ့်လည်း
Read more