ကျောက်တော်ကို စကမ ဗုံးကြဲ (Breaking News)

အာရက္ခတိုင်းမ်စ် (၁၂ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ဒီကနေ့ည ၁၀ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ကစ္စပနဒီတံတားနဲ့ ကျောက်တော်တောင် အနီးဝန်းကျင်ကိုကျတယ်။ အသေ အပျောက် မသိရသေးဘူး” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ကျောက်တော်တောင်အနီးမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး အသေးစိတ်သတင်းကို တင်ဆက်ပေးပါမယ်။

Related posts

ကျောက်တော်မှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ဆရာတော်ဒဏ်ရာရ၊ ကျောင်းဆောင်ပြိုကျ

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

၂၀၃၀ မှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အမေရိကန်က ‌ထောက်ပံ့မယ်