ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၈၀၀ နဲ့ လူ ၈ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်ကို တင်ပို့ဖို့ ဘိလပ်မြေအိတ် ၈၀၀ တင်လာတဲ့ ကုန်တင်ဘုတ်တစ်စီးနဲ့ လူ ၈ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ (BCG) က အောက်တိုဘာလ ၂၉ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဒီဖမ်းဆီးမှုကို အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီခန့်မှာ စစ်တကောင်းမြို့၊ ပတင်္ဂါရဲစခန်းနယ်မြေ၊ ကာနာဖူလီမြစ်လမ်းကြောင်းက ဆိပ်ကမ်းတံတားအမှတ် (၁၅) အနီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

BCG ဘက်က ဘိလပ်မြေအိတ် ၈၀၀၊ တန်ဖိုး တာကာ ၄ သိန်းခန့်ရှိတဲ့ ကုန်တင်ဘုတ်ကို သိမ်းဆည်းပြီး လူ ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတဲ့ ပစ္စည်းတွေကို ဥပဒေအရ ဆက်လက်အရေးယူမယ်လို့ BCG က ပြောထားပါတယ်။

အောက်တိုဘာလ ၆ ရက်မှာလည်း စစ်တကောင်းမြို့၊ ပတင်္ဂါဒေသကနေ ရက္ခိုင်ပြည်ဘက်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၈၀၀ နဲ့ ကုန်တင်ဘုတ်တစ်စီးကို BCG က ဖမ်းဆီးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်သတင်းဌာန BSS ရဲ့ ဖော်ပြချက်တွေအရ BCG ရဲ့ ပတင်္ဂါကင်းစောင့်စခန်းက ဩဂုတ်လ ၂၇ ရက်မှာ ဘိလပ်မြေအိတ် ၁,၀၀၀ နဲ့ ဓာတ်မြေဩဇာအိတ် ၂၈၀ ပါတဲ့ ကုန်တင်ဘုတ် ၂ စီးကို ဥပဒေမဲ့ တင်ပို့တယ်လို့ သံသယရှိလို့ သိမ်းဆည်းပြီး ၆ ဦးကို ဖမ်းခဲ့ပါသေးတယ်။

စက်တင်ဘာလ ၁၅ ရက်မှာလည်း ဘိလပ်မြေအိတ် ၇၅၀ ကို သိမ်းပြီး ၅ ဦးကို ဖမ်းခဲ့ပါတယ်။

Photo – Teknaf Today

Related posts

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

ရက္ခိုင်ပြည်ရောက် စစ်ကောင်စီဗိုလ်မှူး တိုက်ပွဲမှာ သေဆုံးတယ်လို့ မိသားစုနီးစပ်သူပြော၊ အလောင်းပြန်မရ