NewsPolitic

ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကို Y12 နဲ့ ဗုံး ၃၄ လုံးခန့် ကြဲ၊ ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ နံနက် အာရုံ ၃ နာရီကျော်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ မကွေးလေတပ်ကနေ တက်လာတဲ့ Y12 စစ်ထောက်ပို့လေယာဉ်တစ်စီးဟာ ဒီကနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်ကနေ ၄ နာရီ ၃၆ မိနစ်ခန့်အထိ ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာထဲကို ဒရော့ဗုံး (drop bomb) ၃၄ လုံးခန့် ကြဲချခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူနေအိမ်၂ချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေက ရွာချောင်းကြီးရပ်ရွာမှာ စစ်ဘေးရှောင်နေကြတဲ့ အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မစောတင်၊ အသက် ၂၄ နှစ်အရွယ် မမေဦးခင်၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။

အဆိုပါသူတွေအနက် ဦးဒါအောင်ကျော်က ဦးခေါင်းမှာ ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

Related posts

MNA UB 812 မီးလောင်မှုဖြစ်ပွားခဲ့တာကို စုံစမ်းစစ်ဆေးမှုတွေ စနစ်တကျ ဆောင်ရွက်နေ

Rakhita Times

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

SCEF နဲ့ ULA/AA အွန်လိုင်းကတွေ့ဆုံ၊ ခူဦးရယ်လ်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဖွင့်စကားပြော

Rakhita Times

Leave a Comment