Languages%WP_TITLE_SEP%ဗမာစာ

မင်းပြားတွင် လမ်းသန့်ရှင်းရေး AA လုပ်ဆောင်ပေး

အာရက္ခတိုင်းမ်းစ် (၁၄ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေပြန်ကျစဉ် တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သန့်ရှင်းရေး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ “နှုန်းတွေက တော်တော်လေးကို တင်ကျန်ခဲ့တယ်။ တချို့နေရာတွေမှာဆို ဒူးလောက်ကို ရှိတယ်။ ဂေါ်ပြားနဲ့တောင်မရဘူး။ ပေါက်တူးနဲ့ မီးသတ်ပိုက်နဲ့
Read more

မောင်တောက ရေဘေးသင့်ပြည်သူတွေကို AA ကူညီ

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ “အာရက္ခပြည် မောင်တောမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ရွာ (၈) ရွာက အိမ်ထောင်စု ၅၁ စုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်
Read more

ဂွမြို့နယ်တွင် ကျေးရွာတချို့ ရေကြီးနေ

အာရက္ခတိုင်းမ်းစ် (၁၃ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကျေးရွာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လက်ရှိမှာတော့ ဂွမြို့နယ်အတွင်းရှိ ဒေါင်းချောင်းအုပ်စု၊ ပေါက်တူးအုပ်စု၊ ရဟိုင်ဖျားအုပ်စု၊ ကုလားပြင်အုပ်စု၊ ဘဝင်အုပ်စု စတာတွေရဲ့ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်နေတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
Read more

ကျောက်တော်က ရေဘေးသင့် ဒေသခံတွေ သောက်သုံးရေလိုအပ်

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ရေဘေးသင့်မြို့နယ်တွေက ဒေသခံတွေအတွက် သောက်သုံးရေ လိုအပ်ချက် ရှိနေတယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်းက အာရက္ခတိုင်းမ်စ်ကိုဆိုပါတယ်။ ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်မှာ ရေဘေးသင့် ဒေသခံဦးရေဟာ ခန့်မှန်း ၁၀၀၀ ကျော် ရှိနေပြီး သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ “မိုးကတော့
Read more

ရက္ခိုင်ကမ်းရိုးတန်းတွင် ၃ ရက်ဆက်တိုက် မိုးရေချိန်မြင့်တက်လာနိုင်

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်ရှိ ရက္ခိုင်ကမ်းရိုးတန်းတလျောက်တွင် သုံးရက်ဆက်တိုက် မိုးရေချိန် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ “ရက္ခိုင်ကမ်းရိုးတန်းနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် သုံးရက်ဆက် မိုးရေချိန် မြင့်တက်လာနိုင်လို့ တောင်ကျချောင်းရေ ကျဆင်းခြင်း၊ ရုတ်တရက် ရေကြီးခြင်း (Flash Flood) နဲ့ မြေပြိုခြင်း
Read more

■ ယူကရိန်း-ရုရှားစစ်ကြောင့် လမ်းကြောင်းပြောင်းသွားတဲ့ အရှေ့တောင်အာရှ လက်နက်ကုန်သွယ်ရေး

ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း အရှေ့တောင်အာရှ အစိုးရတွေဟာ သူတို့ရဲ့ လက်နက်ဝယ်ယူမှု စာရင်းကို ပုံစံစုံအောင် အထူးဂရုစိုက်ခဲ့ကြပါတယ်။ ရုရှား ရေငုပ်သင်္ဘောတွေနဲ့ အချိုးညီအောင် အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဖြည့်တယ်။ ပြင်သစ်စစ်သင်္ဘောတွေနဲ့ တောင်ကိုရီးယား လေ့ကျင့်ရေးလေယာဉ်တွေ မျှအောင်ဝယ်တယ်။ တရုတ် ကင်းလှည့်ရေယာဉ်တွေကို မျှခြေညှိဖို့ အစ္စရေးရေဒါတွေနဲ့ အားဖြည့်တယ်။ ကာကွယ်ရေးပစ္စည်းတွေကို
Read more

မြေပြိုမှုကြောင့် ရက္ခိုင်-အိန္ဒိယ လမ်းတွင် ကုန်တင်ကား ရာနဲ့ချီပိတ်မိနေ

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပေါ်နေလို့ ရက္ခိုင်ပြည်နဲ့ အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးလမ်းမှာ ကုန်တင်ကား အစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၇ ရက်ကစတင်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်နဲ့ လန်ဂလိုအိမြို့အနီးမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကုန်စည်စီးဆင်းရာ
Read more

အဆိုတော် မိုင်းမိုင်ဆိုင်း ရက္ခိုင်ရေဘေးအတွက် သိန်း ၂၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်းဟာ ရက္ခိုင်ရေဘေးအတွက် စာရေးဆရာ ဝေဟင်အောင်ကတဆင့် ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ရက္ခိုင်မောင်နှမတွေ အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေ ဆုတောင်းနဲ့အတူ “အဆိုတော် မိုင်းမိုင်ဆိုင်း” က ရေဘေးအတွက် အလှူငွေ သိန်း
Read more

ငွေထုတ်ခ ဈေးမြင့်လာလို့ တချို့ဆိုင်များ ငွေထုတ်မပေး

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်မှာ ငွေထုတ်ခတွေ ဈေးမြင့်လာလို့ ငွေလွှဲ ငွေထုတ်ဆိုင်တချို့ ငွေထုတ်မပေးတော့ဘူးလို့ သိရပါတယ်။ “ကျမတို့ သံတွဲ၊ တောင်ကုတ်ကလူတွေယူတဲ့ ပင်ရင်းမှာကို တစ်သိန်းကို ၇၀၀၀ တောင် ပေးနေရပြီ။ ဒါတောင် ငွေသားက လိုသလောက်မရဘူး။ အခုက မိုးကလည်း တအားကောင်းနေတော့
Read more

ဘူးသီးတောင်တွင် ရေနစ်မြုပ်နေတဲ့ မူဆလင်ကလေးငယ်တစ်ဦးကို AA ကယ်တင်နိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် အမှတ် ၅ ရပ်ကွက်က ရေနစ်မြုပ်နေတဲ့ မူဆလင်ကလေးငယ်တစ်ဦးကို ဇူလိုင်လ ၁၂ ရက်မှာ အာရက္ခတပ်တော်က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်က ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်ဟာ ဘူးသီးတောင်မြို့နယ် အမှတ် ၅ ရပ်ကွက်နေ ဦးအာဘူဆောင်းနဲ့
Read more