Category : Uncategorized

Uncategorized

မင်းပြားတွင် ကားတိုက်ခံရလို့ အမျိုးသားတဦး သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မတ်လ ၁ ရက် မနက်ပိုင်းက ကားတိုက်ခံရလို့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ ထင်းရှာဖို့ဆိုပြီး ထွက်သွားတာ၊ လမ်းမှာ ကားတိုက်ခံလိုက်ရတယ်။ ပွဲချင်းပြီး ဆုံးသွားတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။...
Uncategorized

စစ်တွေခရိုင်အတွင်း နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ၂၀၂၆) ရက္ခိုပြည် စစ်တွေခရိုင်အတွင်းတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့အတူ DLEPS၊ HDCO၊ အုပ်ချုပ်ရေးဌာနများ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က စတင်ကာ စစ်တွေခရိုင်အတွင်းရှိ အများပြည်သူများ သွားလာနေတဲ့ လမ်း၊ ဈေး၊ ကားဂိတ်၊ လမ်းဆုံလမ်းခွ နေရာများတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန နဲ့ပူးပေါင်းအဖွဲ့များက နီပါးရ်ဗိုင်ရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (ဗီနိုင်း) ဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စတာတွေကို ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူလူထုများအနေနဲ့ နီပါးရ်ဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက အနီးအနားရှိ ပြည်သူ့ကျန်းမာရေးဌာနကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။ လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။ နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။ ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူတို့အနေနဲ့ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ Photo – Golden Era Media...
Uncategorized

ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ် အခမ်းအနား KNU ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ရက်တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားကို KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း အပါအဝင် တာ ဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ကို စစ်ကော်မရှင်က လာရောက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှလားဖန်း ကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။  ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကို အောက်မေ့တမ်းတသောအားဖြင့် ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်များကို KNU အနေနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။ အဆိုပါ အဆိုအမိန့်များမှာ “ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။” ပဒိုမန်းရှာလားဖန်း နဲ့ “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။” ပဒိုမန်းရှာလားဖန်း စတာတွေပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ-KNU...
Uncategorized

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေဆုံ

Rakhita Times
(သတင်းဓာတ်ပုံ) အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ “ ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA...
Uncategorized

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့

Rakhita Times
အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၅) အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ရဲ့ ၄၇ နှစ်မြောက် မွေးနေ့ကို အဖွဲ့အစည်းအချို့မှ ပေးပို့တဲ့ သဝဏ်လွှာကို ဖော်ပြလိုက်ပါတယ်။...
Uncategorized

မြိုကျောင်းသားလူငယ်တွေ AA နဲ့ လက်တွဲပြီး အစွန်းရောက်ဝါဒကို ပြတ်ပြတ်သားသား တွန်းလှန်းတိုက်ထုတ်ဖို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂတိုက်တွန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅) မြိုလူငယ်တွေအနေနဲ့ အာရက္ခတပ်ပြည်သူကနေ ပေါက်ဖွားလာတဲ့ အာရက္ခတပ်တော် AA နဲ့ အတူလက်တွဲပြီး အစွန်းရောက် ဂျီဟတ်ဝါဒီတွေကို အာရက္ခဒေသကနေ ပြတ်ပြတ်သားသား တွန်းလှန်တိုက်ထုတ်ဖို့ ရက္ခိုင်ကျောင်းသားသမဂ္ဂက တိုက်တွန်းထားပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ မြိုတက္ကသိုလ် ကျောင်းသား၊...
Uncategorized

ပွဲကြိုက်တဲ့ စစ်တွေသားတွေအတွက် စကမ က သီတင်းကျွတ်ပွဲတော် ကျင်းပပေးမယ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကော်မရှင်က သီတင်းကျွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စစ်တွေမြို့မှာ သီတင်းကျွတ်ပွဲတော်ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးပူဇော်ပွဲနဲ့ မီးပုံးပျံလွှတ်တင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြည်နယ်စစ်ကော်မရှင်အဖွဲ့က အစည်းအဝေးကျင်းပခဲ့တယ်လို့...
Uncategorized

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂၄ စက်တင်ဘာ ၂၀၂၅)

Rakhita Times
အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ AA ဖမ်းဆီးထားတဲ့ အမျိုးသမီးသတင်းထောက်ကို ပြန်လွှတ်ပေးဖို့ IMJA တောင်းဆို ဆိုတဲ့သတင်း လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို ဆိုတဲ့သတင်း ရက္ခိုင်ဒေသကို တည်ဆောက်ရာမှာ ဘယ်လိုအဖွဲ့အစည်းကိုမှ...
Uncategorized

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂၃ စက်တင်ဘာ ၂၀၂၅)

Rakhita Times
အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ စကမ က ရက္ခိုင်ကို ရွေးကောက်ပွဲမတိုင်ခင်အထိ ဒီတိုင်းလွှတ်ထားနိုင် ဆိုတဲ့သတင်း သံတွဲနဲ့ ဂွ မြို့နယ်က စစ်သုံပန်း ၇၀ ခန့်ကို AA က ပြန်လွှတ်ပေး ဆိုတဲ့သတင်း စကမရဲ့...
Uncategorized

ထိုင်းက ၀ ကို မတိုက်နိုင်ဘူး(သက်ဆင်က နိုင်ငံရေးသမားလည်း ဖြစ်တော့ သူ့ပြည်တွင်းက ပြဿနာတွေအပေါ် အာရုံလွဲအောင် လုပ်တယ်လို့ထင်တယ်။ ဝ ကိုသူ မတိုက်နိုင်ပါဘူး။ တိုက်လည်း မတိုက်ရဲပါဘူး)

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ ဇွန်လ ၂၀၂၅) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ‘ဝ’ တပ်ဖွဲ့ကို မူးယစ်ဆေးဝါး စစ်ပွဲကြေညာလိုက်ပေမယ့် တကယ့်လက်တွေ့မှာတော့ မတိုက်နိုင်ဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ‘ဝ’ ဒေသမှာ မူးယစ်ဆေး အဓိကထုတ်လုပ်နေပြီး စစ်ကောင်စီအနေနဲ့ မဖြေရှင်းနိုင်ပါက ထိုင်းအနေနဲ့ ကိုယ့်ဘာသာ ဝင်ရောက်နှိမ်နင်းဖို့...