ရက္ခိုင်သည် အာရီယန်မဟုတ်
နီရီရီ ရက္ခိုင်လူမျိုးကို အာရီယန်အနွယ်မှ ဆင်းသက်လာကြောင်း စပ်ဆိုထားကြသော အမျိုးသားရေး သီချင်းများနှင့် စာပေကျမ်းဂန် အယူအဆများသည် ဆယ်စုနှစ်အတန်ကြာ ကိန်းအောင်း သန္ဓေလာခဲ့သည်။ ထိုအယူအဆသည် တချို့ခေတ်သစ် ရက္ခိုင်ရာဇဝင်များ၊ ဗုဒ္ဓဘာ ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ အိန္ဒိယ ယဉ်ကျေးမှု အနပညာ လွှမ်းမိုးမှုများနှင့် ရှေးရက္ခိုင် ဘုရင့်နိုင်ငံတွင် တွေ့ရှိရသည့်...
