BusinessNewsPolitic

ထိုင်းကို အမ်း၊ ဂွ၊ သံတွဲ နဲ့ ကျောက်ဖြူတို့မှ ရွှေ့ပြောင်းတွေ ပိုမိုဝင်ရောက်လာ

ထိုင်းကို အမ်း၊ ဂွ၊ သံတွဲ နဲ့ ကျောက်ဖြူတို့မှ ရွှေ့ပြောင်းတွေ ပိုမိုဝင်ရောက်လာ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ထိုင်းနိုင်ငံကို လက်ရှိမှာ အမ်း၊ ဂွ၊ သံတွဲ နဲ့ ကျောက်ဖြူတို့မှ ရွှေ့ပြောင်းတွေ ပိုမိုဝင်ရောက်လာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင်ပြည်မှ ရွှေ့ပြောင်းလုပ်သားအနေဖြင့် ရောက်ရှိလာကြပေမယ့် အခုနောက်ပိုင်းမှာ မထင်ထားတဲ့ မြို့နယ်တွေကနေ ရွှေ့ပြောင်းလာကြတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “စစ်အာဏာသိမ်းပြီးကတည်းက တော်တော်များများက လူတွေက ပြောင်းရွှေ့လာကြတယ်။ ကျနော်တို့ ရက္ခိုင်ဘက်ကလည်း တော်တော်များများ ရှောင်လာတာတွေ့ရတယ်။ မထင်ထားတဲ့နေရာတွေက ပိုများတယ်။ အရင်တုန်းကဆို ပုဏ္ဏားကျွန်းတို့၊ ‌ကျောက်တော်တို့၊ စစ်တွေတို့၊ ရသေ့တောင်၊ ဘူးသီးတောင်ကလူတွေက ပိုများပြီးတော့ ဒီတစ်ခါကြတော့ ကျနော်တို့ မထင်ထားတဲ့မြို့တွေပေါ့ ဥပမာ အမ်းတို့၊ ဂွတို့က သံတွဲတို့ ကျောက်ဖြူတို့ အဲဒီလိုနေရာတွေက ပိုများလာတယ်။ အဓိက အများစုကတော့ မဲဆောက်ရှိနိုင်တယ်။ မလေးနယ်စပ်ပေါ့ တော်တော်များများ တွေ့ရတယ် ရက္ခိုင်တွေ။ ကော့စမွီကျွန်းမှာ ပင်လယ်ကမ်းခြေ စားသောက်ဆိုင် လုပ်တဲ့ဟာတွေမှာလည်း ရက္ခိုင်အများစု တွေ့ရတယ်။ ထိုင်းတောင်ပိုင်းမှာဆိုရင်လည်း ရက္ခိုင်အများစု တွေ့ရတယ်။ ဘန်ကောက်တို့ မဟာချိုင်တို့ကြတော့ အနည်းငယ်လောက်ပဲ ရှိတာပါ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို လမ်းကြောင်းပေါင်းစုံကနေ ဝင်ရောက်လာကြတာဖြစ်တဲ့အတွက် အရေအတွက် အတိအကျ မသိနိုင်ပေမယ့်လည်း အရင်ကထက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ထိုင်းကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်း ရက္ခိုင်တွေဟာလည်း စက်ရုံ၊ အလုပ်ရုံနဲ့ ပင်လယ်စာလုပ်ငန်း စတာတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ရွှေ့ပြောင်းလုပ်သားတွေဟာလည်း တခြားရွှေ့ပြောင်းလုပ်သားများနည်းတူ အထောက်အထား ကိစ္စအပါအဝင် တခြားသော အခက်အခဲ ပြဿနာတွေ ရှိကြကြောင်းလည်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

“အခက်အခဲကတော့ ‌ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်တဲ့အခါမှာ အဓိကက အထောက်အထားမရှိတဲ့ ပြဿနာတွေ၊ နောက်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု ပြဿနာတွေ၊ နောက်ပြီးတော့ အလုပ်ရှိပေမယ့် ဥပဒေအတိုင်း မရတဲ့ပြဿနာတွေ၊ သွားဖို့လာဖို့ နေဖို့ထိုင်ဖို့ အခက်အခဲ ပြဿနာတွေ၊ လာတဲ့အခါမှာ စုပြီးတော့ နေရတဲ့အခါမှာ တစ်ယောက်လုပ်တဲ့ လုပ်အားခလစာနဲ့ ကျန်တဲ့လူတွေနဲ့ မမျှတတဲ့ကိစ္စတွေ၊ နောက်ပြီး အထောက်အထားလုပ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ မလုပ်နိုင်တဲ့ကိစ္စတွေ ဒီပြဿနာတွေကတော့ ‌ရွှေ့ပြောင်းအများစုပါပဲ ရက္ခိုင်မှ မဟုတ်ပါဘူး။ သူများနိုင်ငံကို ရောက်လာပြီဆိုတာနဲ့ အများစုက ဒီလိုဖြစ်ကြတာပါပဲ” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံကနေ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၇ သန်းကျော်ခန့်ရှိနေပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်မယ့်သူ ၂ သန်းကျော် ရှိကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက် သူတွေထံကနေ သိရပါတယ်။

သူတို့အတွက် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်  သက်တမ်း ၄ နှစ်ကို ၂ ကြိမ်ခွဲပြီး သက်တမ်း ၂ နှစ်စီ နဲ့ တိုးခွင့်ပြုသွားမှာဖြစ်တယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

Related posts

တောင်ကုတ် ကင်းတောင်ရွာကို စစ်ကောင်စီမှ ထပ်မံ ဗုံးလာကျဲသဖြင့် ၁ ဦး ထပ်မံ သေဆုံး၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

စစ်တွေမှာ ကြံ့ဖွံ့ပါတီနဲ့ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးရွေးဖို့လုပ်နေ

Rakhita Times

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

3 comments

zfilm hd 561 ဇန်နဝါရီ 18, 2026 at 11:53 မနက်

фильм реклама смотреть онлайн фильмы про гонки и машины

Reply
Anya153El ဇန်နဝါရီ 20, 2026 at 6:39 ညနေ

Hello lads!
I came across a 153 awesome website that I think you should explore.
This tool is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
https://www.vistanaij.com.ng/best-sales-in-the-history-of-monaco/

Additionally do not overlook, guys, — a person always can within the article locate responses to the most the very complicated questions. Our team made an effort — lay out all of the data via the very accessible way.

Reply
Anya153El ဇန်နဝါရီ 23, 2026 at 3:09 ညနေ

Hello guys!
I came across a 153 awesome resource that I think you should browse.
This site is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://beautytipswap.com/22bet-login-and-account-issues/

Additionally remember not to forget, guys, — you at all times can within this publication locate solutions for your most complicated questions. The authors attempted to lay out the complete information via the most accessible manner.

Reply

Leave a Comment