NewsPolitic

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

အာရက္ခတိုင်းမ်စ် (၂၂ ဒီဇင်ဘာ ၂၀၂၄)

လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ နောက်ထပ် သက်တမ်း ၆ လကို ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ သက်တမ်း ထပ်တိုးနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာစသိမ်းကတည်းက ၆ လစီနဲ့ သက်တမ်းတိုးလာတာမှာ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၄ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

“သူကတော့ သက်တမ်းတိုးမှာပဲလေ။ သူတို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံအရ မကိုက်ညီဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားချက် မဟုတ်တဲ့ဟာတွေကို အကြောင်းအမျိုးမျိုးပြပြီးတော့ သက်တမ်းတိုးမှာပဲ။ ပြီးတော့ အဲဒီနောက်ပိုင်းမှာနေပြီး သူတို့ အင်မတန်လိုလားတဲ့ နိုင်ငံရေးရဲ့ ထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲ လုပ်လာ နိုင်တယ်။ ဒါပေမယ့် ဂုဏ်သိက္ခာမဲ့စွာ လုပ်တဲ့ ပွဲမို့လို့ ပြိုင်တဲ့ဟာတွေ ဘယ်လောက်ရှိမလဲ။ နောက်ပြီး ဘယ်သူတွေကရော မဲပေးမလဲ။ ဘယ်သူတွေကရော ရွေးကောက်ပွဲဝင်မလဲ။ ပြောစရာအများကြီးပေါ့။ ဒါပေမယ့် ရှင်းရှင်းပြောရရင် သူတို့မှာ, ဂုဏ်သိက္ခာဆိုပြီးတော့ ချပြစရာမရှိတဲ့ လူဖြစ်တဲ့အတွက် မလုပ်ဝံ့ဘူးလို့ ပြောလို့မရဘူး” လို့ သူက ပြောပါတယ်။

အဲဒီ ၄ နှစ်တာကာလအတွင်းမှာ နိုင်ငံကို အေးချမ်းတည်ငြိမ်အောင် မစွမ်းနိုင်သလို စစ်ရေးအရမှာလည်း အဘက်ဘက်မှ ကျရှုံးချိနဲ့လျက် ရှိနေတာပါ။

သို့သော် တရုတ်ရဲ့ ကြိုးပမ်းမှု အကူအညီတွေကြောင့် လက်ရှိမှာ အသာစီးရနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တချို့နဲ့ တွေ့ဆုံမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ သက်တမ်းတိုးတာအစား အလှည့်အပြောင်းတစ်ခု လုပ်လာနိုင်တယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အလှည့်အပြောင်းတစ်ခုတော့ လုပ်မယ်ထင်တယ်။ သက်တမ်းဆိုတာထက်ကိုပေါ့။ သက်တမ်းကုန်ရင် ကာလုံပြန်အပ်တာကို ဖွဲ့စည်းပုံအရ။ ကာလုံပြန်အပ်တဲ့အခါကြ ကာလုံရဲ့ ဆုံးဖြတ်မှုကို ပြင်မလား၊ ကာလုံရဲ့ လုပ်ကိုင်ခွင့်ကို တိုးမလား ပုံစံတစ်မျိုးမျိုးတော့ ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီမှာ ဆွေးနွေးရေးတွေဟာလည်း ဆက်တိုက် ဖြစ်လာမယ်ဆိုတဲ့အခါကြတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းဖို့တော့ ခက်ပါတယ်” လို့ ပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းစေဖို့အတွက် မြောက်ပိုင်အဖွဲ့အပါအဝင် KIA တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းကလွဲပြီး ကချင်နဲ့ ရက္ခိုင်ဘက်မှာတော့ တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ ပြင်းထန်နေဆဲပါ။

ရက္ခိုင်ပြည်မှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားလိုက်နိုင်ခဲ့ပါပြီ။

ဒါကြောင့် အမ်းမြို့ဟာ အာရက္ခတပ်တော် အလုံးစုံ ထိန်းချုပ်ထားနိုင်တဲ့ ၁၄ မြို့မြောက် မြို့ဖြစ်လာခဲ့တာပါ။

Related posts

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲတာဟာ စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ ဗျူဟာလို့ ဦးခိုင်သုခ တုန့်ပြန်

Rakhita Times

စစ်တွေက ဘုတ်လှေတွေ ရန်ကုန်ကို ပြောင်းရွှေ့နေ

Rakhita Times

ရက္ခိုင်က မြို့ ၄ မြို့ကို စကမ က AA ထံ တောင်းတယ်လို့ သတင်းထွက်

Rakhita Times

3 comments

https___ja_aqen မတ် 12, 2026 at 5:16 မနက်

Sprawdz poradnik jaka kamera do drona fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Ostateczna decyzja o kamerze FPV powinna laczyc specyfikacje techniczne z osobistymi preferencjami uzytkownika.

Reply
hghjfjdoss_vekr ဧပြီ 17, 2026 at 5:03 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Persistent exploration and advancement should lead to new breakthroughs.

Reply
rent yacht montenegro 757 မေ 5, 2026 at 5:55 ညနေ Reply

Leave a Comment