BusinessNewsPolitic

ရက္ခိုင်မှာ ဆန်ပြတ်လပ်နိုင်လား

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၄)

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရက္ခိုင်ပြည်မှာ မိုးရာသီမှာ စိုက်ပျိုးထားတဲ့ စပါးဧက ၆ သိန်းက လက်ရှိမှာတော့ ရာသီဥတုကြောင့် အထွက်နှုန်း မကောင်းဘူးလို့ သိရပါတယ်။

ပုံမှန်နှစ်တွေမှာ ရက္ခိုင်ပြည်ရဲ့ စပါးစိုက်ဧကက ၁၂ သိန်း ရှိပေမယ့်လည်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောင်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာတွေ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ ဈေးကြီးပြီး ဝယ်မရတာတွေကြောင့် အခုနှစ်ရဲ့ စိုက်ဧကက ထက်ဝက်လောက်ကို လျော့ကျနေခဲ့တာပါ။

အဲဒါအပြင် အခုစိုက်ထားတဲ့ စပါးကလည်း အထွက်နှုန်း မကောင်းတာကြောင့် ရက္ခိုင်ပြည်မှာ ဆန်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံရနိုင်တယ်ဆိုပြီးတော့ တောင်သူတွေက တွက်ချက်နေကြပါတယ်။

အခုက မနှစ်က စိုက်ထားတဲ့ စပါးလက်ကျန်ကို စားသုံးနေတာလည်း ကုန်သလောက် ရှိနေပြီး ထွက်လာမယ့် စပါးကလည်း ရက္ခိုင်လူဦးရေနဲ့ တွက်လိုက်မယ်ဆိုရင် နောက်ထပ် ၄ လစာလောက်ပဲ ရှိတော့မယ်လို့ ဓညဝတီ တောင်သူလယ်သမားအသင်းက အတွင်းရေးမှူး ဦးမောင်သိန်းလှက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဆန်ကတော့ အခု ဒီမှာ အရမ်းပေါတာပေါ့။ ဘယ်လိုပေါလဲဆိုတော့ ကုန်ခဲ့တဲ့နှစ်က ရှိတဲ့ဆန်က အခုချိန်ထိ ဘယ်နေရာမှ သွားလို့မရဘဲ ရက္ခိုင်ထဲမှာပဲ ရှိနေတဲ့အခါမှ ဒီမှာရှိတဲ့သူတွေ စားဖို့သောက်ဖို့ကတော့ ဈေးကြီးကြီး ပေးစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီဆန်အဟောင်းတွေကလည်း အခု စပါးပေါ်ခါနီးဆိုတော့ အဟောင်းတွေကလည်း ကုန်လာတော့မယ်။ ကုန်သွားပြီဆိုလို့ရှိရင်တော့ ကျန်ခဲ့တဲ့နှစ်က ပြည့်ပြည့်ဝဝ စိုက်နိုင်ခဲ့လို့ ဆန်ပေါတယ် ပြောရမယ်။ အခုစိုက်ထားတဲ့ဟာက စိုက်ဧကက အခု ဒီမှာ စိုက်ဧက ၆ သိန်းလောက်ပဲ ရှိတယ်ဆိုရင် ၆ သိန်းလောက်က အထွက်မကောင်းတာ သေချာပါပြီ။ အထွက်မကောင်းတာ သေချာပြီဆိုရင် လူတစ်ယောက်ရဲ့ စားသုံးမှုနှုန်းက တင်း ၂၀ ဆိုတော့ တစ်ဧကကို ၂ ယောက်နှုန်းပဲ စားရပါမယ်။ ဥပမာ ဧက ၆ သိန်းရှိတယ်ဆိုရင် တစ်ဧကကို တင်း ၄၀ နဲ့ တွက်လိုက်ရင် လူ ၁၂ သိန်းလောက်ပဲ စားရမယ့်သဘောပေါ့။ ၃ ပုံ ၁ ပုံစာပဲ ဆိုရမှာပေါ့ ၄ လစာလောက်ပဲ ရှိပါမယ်။ နောက် ၃/၄ လမှာ ရိက္ခာပြတ်လပ်နိုင်မယ်ဆိုတာ အဲဒါကို စောင့်ကြည့်ပြီးတော့ တွက်ချက်တာ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ရက္ခိုင်ပြည်ရဲ့ စပါးစိုက်တဲ့ဧကက ထပ်ပြီးတော့ လျော့ကျသွားမယ်ဆိုရင် ရက္ခိုင်ဒေသက ဆန်ရိက္ခာ ပြတ်လပ်လာမှာ သေချာတဲ့အတွက်ကြောင့် အဲဒီလို မဖြစ်အောင် လုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေက ဓာတ်မြေဩဇာ၊ စက်သုံးဆီတွေ ထောက်ပံ့တာ၊ စိုက်စာရိတ်တွေ ထောက်ပံ့တာတွေ လုပ်ပေးပြီးတော့ စနစ်တကျနဲ့ စီမံပေးမယ်ဆိုရင် ဆန်ရိက္ခာ ပြတ်လပ်တာကို ဖြေရှင်းနိုင်တယ်ဆိုပြီးတော့ တောင်သူတွေက အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးတဲ့အချိန်မှာ ဓာတ်မြေဩဇာ၊ စက်သုံးဆီတွေ အဆမတန် ဈေးကြီးပေမယ့်လည်း တောင်သူတွေက အရှုံးခံပြီး စိုက်ပျိုးခဲ့ကြတာကြောင့် စိုက်ဧက ၆ သိန်းအထိ ရောက်ခဲ့တာပါ။

ဒါပေမယ့် လာမယ့် မိုးစပါးရာသီမှာလည်း ထပ်ပြီး အရှုံးခံ စိုက်ပျိုးဖို့အတွက်ကို တောင်သူတွေက မတတ်နိုင်ကြတော့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် လာမယ့် မိုးစပါးရာသီမှာ စိုက်ဧက ၁ သိန်းပြည့်ဖို့တောင် တော်တော်ကြိုးစားရမယ့် အနေအထားမှာ ရှိနေတယ်လို့ ဦးမောင်သိန်းလှက ထပ်ပြောပါတယ်။

“စက်သုံးဆီ ၁ ပေပါကို ၅ သိန်း ၅ သောင်းကနေ ၂၅ သိန်းအထိ ဖြစ်သွားတယ်။ ကျန်ခဲ့တဲ့နှစ်က ရှုံးတယ်။ ဒါပေမယ့် အဲဒီအရှုံးကို ဒီနှစ်မိုးမှာ မစိုက်နိုင်တဲ့ တောင်သူတွေက တစ်ဝက်လောက်ရှိတော့ ဧက ၁၂ သိန်းမှာ ၆ သိန်းလောက်ပဲ စိုက်နိုင်တဲ့သဘော။ နောက်တစ်ခါ အဲဒီဟာကို ကြိုးစားပမ်းစားနဲ့ စိုက်တဲ့သူက တစ်ဝက်လောက် ရှိတယ်ဆိုတော့ လာမယ့်နှစ်မှာဆိုလို့ရှိရင် ဧက ၁ သိန်းပြည့်ဖို့အတွက်ကို တော်တော်ကြိုးစားရမယ်။ နှစ်ခါ သုံးခါ အရှုံးခံနိုင်တဲ့အနေအထားမှာ မရှိပါဘူး” လို့ ပြောပါတယ်။

ပုံမှန်နှစ်တွေမှာ ရက္ခိုင်ပြည်က ပြည်သူတွေဟာ ပြည်မဘက်က ဆန်ချောတွေကို စားသုံးတာတွေ ရှိတဲ့အတွက် ရက္ခိုင်ပြည်ရဲ့ စိုက်ပျိုးထားတဲ့ ဆန်က ရက္ခိုင်ဒေသအတွက် လုံလောက်တဲ့ အနေအထား ဖြစ်နေတာပါ။

ဒါပေမယ့် အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြန်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် ဆန်ကို ပြည်မကနေ သယ်လို့မရတဲ့အတွက် ရက္ခိုင်က ထွက်တဲ့ ဆန်ကို ပိုပြီးတော့ သုံးနေရတယ်လို့ သိရပါတယ်။

ထပ်ပြီးတော့ ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းကို ပိတ်ထားမယ်ဆိုရင် ရက္ခိုင်ပြည်ရဲ့ စပါးစိုက်ပျိုးတဲ့ဧက အများဆုံးရှိတဲ့ ကျောက်တော်နဲ့ မြောက်ဦးကတော့ ဆန်ပြတ်လပ်တာ မရှိနိုင်ပေမယ့်လည်း စိုက်ဧက နည်းတဲ့ တခြားမြို့နယ်တွေကတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပုံမှန်ဆိုရင် ရက္ခိုင်ပြည်မှာ နွေစပါးစိုက်ပျိုးတာ မရှိပေမယ့်လည်း ဆန်ရိက္ခာကို ဖြေရှင်းတဲ့အနေနဲ့ အထွက်နှုန်းကောင်းတဲ့ နွေစပါးကို မြစ်ရေတင်တဲ့စနစ်နဲ့ စိုက်ဖို့အတွက် တောင်သူတွေက အားသန်နေကြတာကြောင့် သူတို့ကိုလည်း အထောက်အပံ့တွေ ပေးဖို့လည်း လိုအပ်ပါတယ်။

ဓါတ်ပုံ – ပြည်သူလူထုတွေကို စပါးရိတ်ကူပေးနေသော ULA တပ်ဖွဲ့ဝင်များ (၂၀၂၂)

Related posts

သံတွဲ၊ တောင်ကုတ်၊ မအီ နဲ့ ကျောက်ဖြူ မိုးအလွန်များနိုင်

Rakhita Times

စောမဲကျီဖောင်ဒေးရှင်းက ရက္ခိုင်ရေဘေးအတွက် သိန်း ၁၀၀၀ လှူဒါန်း

Rakhita Times

အာရက္ခ တပ်တော်မှ ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝ ပုံရိပ်များ (၁၆)

Rakhita Times

3 comments

ManuelHoaks စက်တင်ဘာ 2, 2026 at 10:22 ညနေ

В клинике используются современные методы лечения алкогольной и наркотической зависимости. Схема зависит от самочувствия пациента, продолжительности проблемы, вида психоактивных веществ и истории предыдущей терапии. Если зависимость существует несколько лет, требуется особенно внимательная диагностика. При стаже алкоголизма 5 лет, 10 лет или более лечение нередко включает несколько направлений медицинской помощи.
Получить больше информации – клиника наркологии и психиатрии москва

Reply
TylerRUg စက်တင်ဘာ 3, 2026 at 2:50 မနက်

Алкогольный запой – это критическое состояние, возникающее при длительном злоупотреблении спиртными напитками, когда организм насыщается токсинами и его жизненно важные системы (сердечно-сосудистая, печёночная, нервная) начинают давать сбой. В такой ситуации необходимо незамедлительное вмешательство специалистов для предотвращения тяжелых осложнений и спасения жизни. Наркологическая клиника «Основа» в Новосибирске предоставляет экстренную помощь с помощью установки капельницы от запоя, позволяющей оперативно вывести токсины из организма, стабилизировать внутренние процессы и создать условия для последующего качественного восстановления.
Углубиться в тему – капельница от запоя анонимно на дому новосибирск

Reply
Vernonzer စက်တင်ဘာ 8, 2026 at 12:20 မနက်

Если человек находится без сознания, испытывает выраженные судороги, тяжело дышит или имеются другие признаки непосредственной угрозы жизни, необходимо экстренное обращение в медицинскую службу. В подобных случаях ждать обычную выездную бригаду опасно.
Ознакомиться с деталями – вывод из запоя на дому цена Красноярск

Reply

Leave a Comment