BusinessNewsPolitic

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

အာရက္ခတိုင်းမ်စ် (၂၁ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့တွင် တာဝန်ကျနေသော ရဲဝန်ထမ်းများ ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူ ရောင်းစားခဲ့ကြောင်း သိရပါတယ်။

“ရဲတပ်ရင်း (၃) က ထွန်းကျော်ဦးက ဦးဆောင်ပြီး ခိုးတယ်။ စစ်ရှောင်ဖို့ ပြည်သူတွေ မသယ်နိုင်လို့ ထားခဲ့ရတဲ့ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်၊ အိုးခွက်ပန်းကန် အကုန် ယူတယ်။ ပြီးတော့ ဧရာဝတီတိုင်းကို ပို့ပြီး ရောင်းစားနေတာ” လို့ ဂွမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ဂွမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး ဧရာဝတီတိုင်းဖက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်ဆည်းနေကြောင်း သိရပါတယ်။

“အဲလို ခိုးယူနေတာကို မြို့နယ်တာဝန်ခံဖြစ်တဲ့ မြို့နယ်မှူး ရဲမှူးခင်မောင်ထွန်းကလည်း ဟန့်တားတာတွေ မရှိဘူး။ အလိုတူ အလိုပါတွေပဲ ဖြစ်လို့နေမှာပေါ့” လို့ သူက ထပ်မံပြောပါတယ်။

လက်ရှိတွင် ဂွမြို့အတွင်း အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အာရက္ခတပ်တော်က နောက်ဆုံးကျန်နေတဲ့ ခမရ ၅၆၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရပါတယ်။

Related posts

စစ်ကောင်စီက လျှော့မယ့်ပုံ မရှိတာကြောင့် လက်နက်နဲ့ပဲ စကားပြောရမယ်

Rakhita Times

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

Rakhita Times

ပြည်သူ ၄၂ ဦး ကို သတ်ဖြတ်ခဲ့တဲ့ စကမရဲ့လုပ်ရပ်များအပေါ် ရပ်တန့်ပေးရန် MNDAA နဲ့ TNLA တောင်းဆို

Rakhita Times

Leave a Comment