NewsPolitic

သံတွဲကို ညသန်းခေါင် စစ်ကောင်စီ ဗုံးလာကြဲ၊ ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၀ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က (၁၉ ဒီဇင်ဘာ) စစ်ကောင်စီမှ ညသန်းခေါင်တွင် လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ သန်းခေါင်အချိန်ကြီးမှာ လေယာဥ် ၂ စီး နဲ့ လာပြီး ၂ နေရာကို တပြိုင်နက်ဆိုသလိုကို ကြဲချသွားတာ။ မြို့ထဲကျတဲ့တစ်လုံးကြောင့် လူတွေလည်း ဒဏ်ရာတွေ ရကြတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်။ ညဘက်တွေဆို နှစ်နှစ်ခြိုက်ခြိုက်ကို မအိပ်ရဲကြဘူး။ လေယာဥ်သံပဲ နားစွင့် အိပ်နေကြရတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ရက် ညသန်းခေါင်တွင် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ သံတွဲမြို့က ဗိုလ်ကုန်း နဲ့ စံပယ်လမ်းတို့ကို ဗုံးကြဲခဲ့သဖြင့် ဗိုလ်ကုန်းရှိ မြေစာရင်းရုံး ပျက်စီးခဲ့ပြီး စံပယ်လမ်းရှိ ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။

ဒဏ်ရာရရှိသူများမှာ သံတွဲမြို့ စံပယ်လမ်းနေ ဒေါ်အုန်းမြင့် (၈၅ နှစ်)၊ ဦးရဲအောင် (၆၃ နှစ်) နဲ့ ဒေါ်တင်တင်ချို (၅၅ နှစ်) တို့ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း သံတွဲမြို့ကို စစ်ကောင်စီမှ ဗုံးလာကြဲသဖြင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၂၉ရက် က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အတူ အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို နိုဝင်ဘာ ၁၀ မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Related posts

ရက္ခိုင်ပြည်သူကို သတ်ဖြတ်နေတဲ့ စကမက စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ပြုလုပ်ရန် စီစဉ်နေတာဟာ နိုင်ငံရေးလှည့်ကွက်ဖြစ်

Rakhita Times

ပုသိမ်ကို စစ်ရှောင် အများအပြား ရောက်နေ

Rakhita Times

ရေရှားပါးတာကြောင့် ရက္ခိုင်တိုက်ပွဲရှောင်တွေ စားဝတ်နေရေး ခက်ခဲ

Rakhita Times

2 comments

rent yacht montenegro 919 မေ 5, 2026 at 6:02 ညနေ

charter yacht Montenegro https://rent-a-yacht-montenegro.com

Reply
Darrinbof မေ 11, 2026 at 3:31 မနက်

Экскурсовод организует частную поездку экскурсии в Калининграде на автомобиле с удобным маршрутом и профессиональным сопровождением по региону.

Reply

Leave a Comment