NewsPolitic

မွတ်ဆလင်အရေးနဲ့ ပတ်သက်ပြီး AA နဲ့အတူ ဗမာ့တပ်တော် ထောက်ခံရပ်တည်

အာရက္ခတိုင်းမ်စ် (၅ စက်တင်ဘာ ၂၀၂၅)

မွတ်ဆလင်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နဲ့အတူ ထောက်ခံရပ်တည်တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က စက်တင်ဘာလ ၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံ ဖြစ်စဥ်မှာ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က လူမျိုးတုန်း သတ်ဖြတ်တယ်လို့ လန်ဒန်အခြေစိုက် မြန်မာ-မွတ်ဆလင် (BROUK) အမည်ခံ ပြည်ပအဖွဲ့အစည်းက စွပ်စွဲပြီး အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ အမိန့်ပေးစေခိုင်းသူတွေကို ဖမ်းဝရမ်းထုတ်ပေးရေး အာဂျင်တီးနားတရားရုံးကို စက်တင်ဘာလ ၃ ရက်က စာပို့ တောင်းဆိုခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာမရှိဘူးလို့ အာရက္ခတပ်တော်က ပြည်သူလူထုနဲ့ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို သက်သေတွေနဲ့အတူ ရှင်းလင်းချပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါအပြင် မြေပြင်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ULA/AA က သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ မွတ်ဆလင်အသိုင်းအဝိုင်းအပါအဝင် လူမျိုးခြား၊ ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှုနဲ့ တတ်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာကြောင့် အာရက္ခတပ်တော် (AA) နဲ့အတူ ရပ်တည်တာ ဖြစ်တယ်လို့ ဗမာ့တပ်တော် (BA) က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် လန်ဒန်အခြေစိုက် မြန်မာ-မွတ်ဆလင် (BROUK) အမည်ခံ ပြည်ပအဖွဲ့အစည်းတခုက အာရက္ခတပ်တော်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ ဖမ်းဝရမ်းထုတ်ပေးရေး တင်ပြမှုအပေါ် ဗမာ့တပ်တော်က ပြင်းထန်စွာရှုတ်ချသလို အာရက္ခတပ်တော်နဲ့အတူ ထောက်ခံရပ်တည်တယ်လို့ ဆိုပါတယ်။

Related posts

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဒဏ်ရာရလူနာတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကို အလှူငွေ သိန်းတရာ ပေးအပ်

Rakhita Times

ရက္ခိုင်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စကမ ကို အရေးယူပေးရန် အဖွဲ့ပေါင်း ၂၀၉ ဖွဲ့ တောင်းဆို

Rakhita Times

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

Rakhita Times

Leave a Comment