NewsPolitic

ရက္ခိုင်ပြည်က နေရာနှစ်ခုကို စကမ ဗုံးကြဲ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့တို့ကို ဒီကနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်တဲ့အတွက် အရပ်သားတဦး သေဆုံးသွားပြီးတော့ နှစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

သေဆုံးသွားသူမှာ အောက်ဇီးကိုင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးထွန်းအေးလှိုင် ဖြစ်ပြီးတော့ ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၂၂ နှစ်အရွယ် ကိုဖြိုးဝေထွန်းနဲ့ အသက် ၃၈ နှစ်အရွယ် ဦးမောင်မောင်ဌေးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ဒီကနေ့ နံနက် ၉ နာရီလောက်က ပုဇွန်တာသို့ သွားရာမှာ စစ်တွေအခြေစိုက် စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသွားခဲ့ရတာလို့ ဒေသခံတဦးက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁ နာရီကျော်အချိန်ကလည်း စစ်ကောင်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စကမလေတပ်က ပုဏ္ဏားကျွန်းမြို့သို့ ဗုံး (၁၀) လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပေမယ့် မြို့ထဲမှာ အရပ်သားပြည်သူတွေ မရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ပုဏ္ဏားကျွန်း ဒေသခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာကို စစ်တွေမြို့ရှိ စစ်မကော်ရှင်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုခဲ့တဲ့အတွက် အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ ဖြူစင်ရင်ခွင် ပရဟိတအသင်းမှ အသက် (၁၄) နှစ်အရွယ် မောင်ဌေးအောင်ဟိန်းဟာ ကွမ်းတောင်ကျေးရွာသို့ လူနာသယ်ယူဖို့သွားစဉ် စကမတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံရလို့ သေဆုံးသွားခဲ့ရပါတယ်။

Related posts

AA က မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် သေဆုံးသူများမှာ အရပ်သားပြည်သူများမဟုတ်ပဲ AA နဲ့ PDF များသာဖြစ်တယ်လို့ စကမ ငြင်းဆို

Rakhita Times

ကျိန္တလီကို စကမ ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရ (Breaking News)

Rakhita Times

6 comments

Leave a Comment