EducationNewsPolitic

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၃ မတ် ၂၀၂၆)

စစ်ရှောင်ကျောင်းသား ၁၀၀ ဦးရဲ့ ပညာရေးကို ကူညီပေးဖို့အတွက် ကျပ်သိန်း ၂၀၀ ရရှိဖို့ “အနာဂတ်လှိုင်း” ကမ်ပိန်းကို Arakha Student’s Voice က ပြုလုပ်နေတယ်လို့ သိရပါတယ်။

“၂၀၂၆ ခုနှစ်တွင် အရင် စစ်ရှောင်ကျောင်းသားဦးရေထက် ကျောင်းသား/သူ တိုးလာခြင်း၊ ကျောင်းဆောင်မလုံလောက်ခြင်း၊ စာရေးကိရိယာများ အလုံအလောက်မပေးနိုင်ခြင်းကြောင့် လိုအပ်ချက်အရ “အနာဂတ်လှိုင်း” ကမ်ပိန်းကို ပြုလုပ်လိုက်ရပါတယ်” လို့ Arakha Student’s Voice က ဆိုပါတယ်။

“အနာဂတ်လှိုင်း” ကမ်ပိန်းတားဂတ်ကတော့ ငွေကျပ် သိန်း ၂၀၀ ဖြစ်ပြီး တားဂတ်ကာလကတော့ မတ်လ ၂၂ ရက်ကနေ ဧပြီလ ၂၂ ရက် အထိ ဖြစ်တယ်လို့ သိရပါတယ်။

“အနာဂတ်လှိုင်း” ကမ်ပိန်းက ရရှိတဲ့ အလှူငွေကိုတော့ ကျောင်းသားတဦးလျင် စာအုပ် ၂ ဒါဇင်၊ ဘောပင် ၅ ချောင်း၊ ခဲတံ ပေတံ ခဲဖျက် ခဲချွန် ၁ ခုဆီ ပေးသွားမှာဖြစ်ပြီး စာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမ ၂၀ ဦး အတွက် ထောက်ပံ့ကြေး ၁ လကို ၃ သောင်း ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေး ကူညီပေးချင်သူတွေအနေနဲ့ စာအုပ် ၂ ဒါဇင်ကို ၅ သောင်းကျပ်၊ ဘောပင် ၅ ချောင်းကို ၅ ထောင်ကျပ် နဲ့ ခဲတံ ပေတံ ခဲဖျက် ခဲချွန် ၁ စုံကို ၅ ထောင်ကျပ်နဲ့ လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

Arakha Student’s Voice အနေနဲ့ ၂၀၂၅ ခုနှစ်ကလည်း “မျိုးဆက်သစ်” ကမ်ပိန်းပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အလှူငွေများနဲ့ ကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်း၊ စာရေးကိရိယာ၊ အိမ်သာ ဆောက်လုပ်ခြင်းများနဲ့ ဆရာ/ဆရာမတို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“အနာဂတ်လှိုင်း” ကမ်ပိန်းကို လှူဒါန်းပေးလိုသူတွေအနေနဲ့ https://www.facebook.com/profile.php?id=61577483565364 ကနေတဆင့် (သို့မဟုတ်) Telegram Account @kyaw00384 နဲ့ @hlapanntuu04 ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၄ သြဂုတ် ၂၀၂၅)

Rakhita Times

သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

Rakhita Times

တောင်မော်ကြီးရေတပ်မကျစေရေး ရွေးတုအစိုးရ အာရုံစိုက်နေရ

Rakhita Times

144 comments

Leave a Comment