NewsPolitic

စကမ ထိန်းချုပ်နယ်မြေတွင် ရက္ခိုင်မှတ်ပုံတင်ကိုင်ဆောင်သူ ခရီးသွားလျင် ထောက်ခံစာပါရမည်

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ခရီးသွားလိုပါက ရက္ခိုင်မှတ်ပုံတင်ကိုင်ဆောင်သူအနေနဲ့ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါမှ ကားလက်မှတ်တွေ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“ ခရီးသွားရင် ထောက်ခံစာ မဖြစ်မနေလိုအပ်တဲ့ မြို့နယ်စာရင်းတွေကို လာပို့ထားတယ်။ ရက္ခိုင်ကတော့ ၁၁ မျဉ်းစောင်းကိုင်ရင် ဘယ်မြို့နယ်ကပဲဖြစ်ဖြစ် ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါမှ လက်မှတ်ဖြတ်လို့ရမယ်” လို့ ရန်ကုန်မြို့အောင်မင်္ဂလာကားဝန်းမှ ကားဂိတ်တခုရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရှမ်း မှတ်ပုံတင်ကိုင်ဆောင်ထားသူအနေနဲ့ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကုန်းကြမ်းမြို့နယ်ကဆိုရင်လည်း ထောက်ခံစာလိုအပ်တယ်လို့ သိရပါတယ်။

မန္တလေး မှတ်ပုံတင်ကိုင်ဆောင်သူအနေနဲ့ မိုးကုတ်မြို့နယ် နဲ့ မကွေး မှတ်ပုံတင်ကိုင်တောင်ထားသူအနေနဲ့ မကွေးမြို့နယ် ဖြစ်ရင်လည်းထောက်ခံစာ လိုအပ်တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်း မှတ်ပုံတင်ကိုင်ဆောင်သူအနေနဲ့ မုံရွာ၊ ရွှေဘို၊ မြောင်မြို့နယ်ကဖြစ်ရင် ခရီးသွားထောက်ခံစာ ပါရမယ်လို့ သိရပါတယ်။

အဆိုပါ ကြေညာချက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအားလုံးအတွက် အကြုံးဝင်မှာ မဟုတ်ဘဲ ၁၁/အားလုံး၊ ၁၃/ကမန(နိုင်)၊ ၁၃/လရန(နိုင်)၊ ၁၃/နမတ(နိုင်)၊ ၁၃/သပန(နိုင်)၊ ၁၃/ကကန(နိုင်)၊ ၉/မကန(နိုင်)၊ ၅/မရန(နိုင်)၊ ၅/မမန(နိုင်)၊ ၅/ရဘန(နိုင်)၊ ၈/မကန(နိုင်)တို့အတွက်သာ အကြုံးဝင်မှာ ဖြစ်ပါတယ်။

Related posts

စကမ နလန်ပြန်ထလာနိုင်ပေမယ့် စိုးရိမ်စရာမရှိလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

Rakhita Times

ဦးဘရှိန်ရဲ့ RNP ပါတီကို စစ်ကောင်စီ မှတ်ပုံတင်ခွင့်ပြု၊ ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရရန် မျှော်လင့်နေ

Rakhita Times

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times

Leave a Comment