NewsPolitic

သံတွဲမြို့ကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

“ ကြဲတာကတော့ ၄ လုံးတောင်ကြဲသွားတယ်။ ချောင်းနားတန်းဖက် ကျတယ်လို့ သိရတယ်”  လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိပြီး အိမ်အချို့ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆက်တွဲသတင်းကိုလည်း ဆက်လက်တင်ဆက်ပေးပါမယ်။

Related posts

တောင်ကုတ် ကင်းတောင် ရွာမကို စစ်ကောင်စီဗုံးကြဲ

Rakhita Times

စစ်တွေဆိပ်ကမ်း ပြန်လည်ပတ်နိုင်ပါက ဒေသခံတို့ အလုပ်အကိုင်ပြန်ရနိုင်

Rakhita Times

စစ်တွေမှာ လူမရှိတဲ့နေအိမ်တွေ နေ့စဥ်ဖောက်ထွင်းခံနေရ

Rakhita Times

Leave a Comment