BusinessNews

ဆားသုံးစွဲမှု ကျဆင်းနေလို့ မွန်ဆားဈေးနှုန်း တက်ရိပ်မမြင်

ဆားသုံးစွဲမှု ကျဆင်းနေလို့ မွန်ဆားဈေးနှုန်း တက်ရိပ်မမြင်

အာရက္ခတိုင်းမ်စ် (၆-နိုဝင်ဘာ-၂၀၂၄)

လက်ရှိတွင် မွန်ပြည်နယ်မှာ နေလှန်းဆား ထုတ်လုပ်တဲ့ရာသီ ပြန်ပြီးတော့ စတင်နေပြီဆိုပေမယ့် ဆားဈေးနှုန်း ကောင်းမွန်လာနိုင်မယ့် အနေအထား မမြင်ဘူးလို့ ဆားတောင်သူတွေထံကနေ သိရပါတယ်။

မွန်ပြည်နယ်အတွင်းကနေ ထွက်ရှိတဲ့ ဆားကို မွန်ပြည်နယ်သာမက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေကို ရောင်းချကြပေမယ့်လည်း အခုချိန်မှာ ဆားကို အသုံးပြုပြီးတော့ ကုန်ထုတ်လုပ်ငန်းလုပ်တဲ့ လုပ်ငန်းတချို့ ရပ်နားထားကြတာရှိတဲ့အတွက် မွန်ပြည်နယ်ရဲ့ ဆားဝယ်လိုအား ကျဆင်းနေတာပဲ ဖြစ်ပါတယ်။

အဲဒီလို ဆားဝယ်လိုအား ကျဆင်းနေတဲ့အတွက် ဒီနှစ် ဆားထုတ်လုပ်တဲ့ရာသီမှာ မွန်ပြည်နယ်ရဲ့ ဆားဈေးနှုန်း တက်နိုင်ခြေကို မမြင်ဘူးလို့ ဆားတောင်သူ ဦးထွန်းခင်က ပြောပါတယ်။

“ဈေးကွက်က အရှေ့ကို မျှော်လို့ သိပ်မရဘူး။ ဘာဖြစ်လို့ မျှော်လို့ သိပ်မရလဲဆိုတော့ ဆားသုံးတဲ့လုပ်ငန်းတွေ တချို့တဝက်က တော်တော်လေးကို လျော့ကျသွားတယ်။ သူတို့နယ်မှာ အဆင်မပြေတဲ့ အပိုင်းတွေကြောင့် ဆားသုံးတာ လျော့တာပေါ့။ လျော့တဲ့အတွက် ဈေးကွက် လျော့သွားတာပေါ့။ အဲဒီတော့ ဈေးကောင်းလာဖို့ဆိုတာတော့ သိပ်ပြီးတော့ မမြင်ဘူး။ အခုလက်ရှိ ဆားဈေးနှုန်းနဲ့ဆိုတော့ ဆားတွေက အမြတ်နည်းမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ခတွေက ဈေးတက်လာတာက တစ်ပိုင်းရှိတယ်။ ဆီဈေးတက်တာက တစ်ပိုင်းရှိတယ်။ လုပ်တယ်ဆိုတာကလည်း အမြတ်အစွန်းကို မျှော်ကိုးပြီးတော့ လုပ်ကြတာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုမှီခိုတဲ့ အလုပ်သမားတွေ၊ ကိုယ့်လုပ်ငန်းကို မှီခိုတဲ့ အလုပ်သမားတွေ စားဝတ်နေရေး ပြေလည်စေဖို့ လုပ်တယ်လို့ပဲ ယူဆရမှာပါ။ အမြတ်အစွန်းကတော့ နောက်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ ဆားဈေးနှုန်းအနေနဲ့ ဆားကြမ်း တစ်ပိဿာကို ၁၅၀ ကျပ် ကနေ ၁၈၀ ကျပ် ဝန်းကျင်မှာပဲရှိနေပြီး တစ်ပိဿာ ၂၀၀ ကျပ် ရရှိမှပဲ ဆားတောင်သူတွေအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ပြီးတော့ ဆားထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကလည်း ဈေးတက်နေပြီး အလုပ်သမား ငှားရမ်းတဲ့နေရာမှာလည်း အလွယ်တကူမရဘူးလို့ သိရပါတယ်။

ဆားဈေးနှုန်းလည်း ကျဆင်းနေပြီး အရှုံးပေါ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ယခုနှစ် ဆားထုတ်လုပ်ရာသီမှာ မွန်ပြည်နယ်က ဆားတောင်သူတချို့ ဆားထုတ်လုပ်တာကို ရပ်နားလာကြပါတယ်။

သံဖြူဇရပ်မြို့နယ်က ဆားတောင်သူတစ်ဦးဖြစ်တဲ့ ဦးလှတင်က “လည်ပတ်မှုက တချို့ဖိုတွေ မထွက်ဘူး။ ဆားဈေးကလည်း မရှိဘူး။ နောက်ပြီးတော့ ကုန်ကျစရိတ်တွေက များတယ်။ အလုပ်သမားလည်း ရှာလို့ မလွယ်ဘူး။ လောင်စာဆီတွေကလည်း ဈေးတွေမြင့်၊ အဲဒါကြောင့် တချို့တွေ လုပ်ငန်း ရပ်ထားကြတယ်။ ၁၀ ဖို ရှိလို့ရှိရင် ၈ ဖိုလောက်ပဲ ထွက်နိုင်တာပေါ့လေ။ ဆားဈေးနှုန်းတွေ မြင့်မားဖို့ရယ်၊ ကုန်ပစ္စည်းတွေ ဈေးနိမ့်ဖို့ရယ်၊ နောက်ပြီးတော့ အလုပ်သမားတွေ လိုချင်သလောက် ခေါ်လို့ရတယ်ဆိုလို့ရှိရင် ကျနော်တို့ ဆားဈေးက ၁၅၀ လည်း ရောင်းနိုင်တယ်ပေါ့ဗျာ။ နောက်ဆုံး ၁၅၀ မရောင်းနိုင်လည်း အလုပ်လုပ်ထားတော့ ပေးဖို့ ကမ်းဖို့ရှိတော့ ရောင်းရတာပဲ ရှုံးတာပေါ့၊ အရှုံးပေါ်တာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မွန်ပြည်နယ်က ဆားကို နိုဝင်ဘာလကနေ မေလအထိ ထုတ်လုပ်ပြီး နှစ်စဉ် ဆားထုတ်လုပ်တဲ့ ဧက ၄၇၀၀ ကျော်ကနေ ဆားတန်ချိန် ၄ သောင်းခွဲကို ထုတ်လုပ်လျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဆားထုတ်လုပ်ရာသီမှာ မွန်ပြည်နယ်က အရည်အသွေးမြင့်တဲ့ဆားကို တောင်ကိုရီးယားနိုင်ငံကို စမ်းသပ်တင်ပို့ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ထပ်ပြီး တင်ပို့နိုင်ဖို့ ရှိမရှိကိုတော့ မသိရသေးပါဘူး။

အကယ်လို့ မွန်ပြည်နယ်က ဆားကို ပြည်ပကို တင်ပို့နိုင်မယ်ဆိုရင် ပြည်နယ်ရဲ့ ဆားဈေးနှုန်းတွေလည်း မြင့်တက်လာမှာဖြစ်ပြီးတော့ တောင်သူတွေလည်း အကျိုးအမြတ် ရှိလာမှာ ဖြစ်ပါတယ်။

Related posts

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့

Rakhita Times

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

Rakhita Times

စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် ကျောက်ဖြူ နဲ့ တောင်ကုတ် ဒေသခံ ၂ ဦး ဒဏ်ရာရ

Rakhita Times

3 comments

maxispin_a_bgPl မတ် 6, 2026 at 6:04 ညနေ

Discover the thrill of real-money live casino action at Maxispin game providers, where you can enjoy live dealers, top software providers, and exclusive promotions.
The development team prioritizes enhancements that directly improve performance and usability.

Reply
https___ja_vfen မတ် 12, 2026 at 7:02 မနက်

Sprawdz poradnik kamera fpv dla poczatkujacego, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Koszt kamery i latwosc znalezienia czesci zapasowych maja znaczenie dla serwisowania.

Reply
hghjfjdoss_zckr ဧပြီ 17, 2026 at 6:49 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Hghjfjdossa’s progression promises to influence and revolutionize numerous fields.

Reply

Leave a Comment