NewsPolitic

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Featured Video Play Icon

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး နဲ့ တပ်သားစုဆောင်းရေးရုံးကို စစ်ကောက်စီမှ ယမန်နေ့ (၂၄ရက်) မနက် ၄နာရီခန့်က လာရောက် ဗုံးကျဲခဲ့သဖြင့် အဆောက်အဦးများ ပျက်ဆီးသွားပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“မနေ့က သံတွဲကို ဗုံးကျဲခံရတယ်။ မနက် ၄ နာရီမှာ၊ အံတော်ရွာထိပ်က ကြံ့ခိုင်ရေးရုံး နဲ့ စစ်သားစုဆောင်းရေးရုံးကို လာဖျက်ဆီးတာထင်တယ်။ အဆောက်အဦးတွေ ပျက်ဆီးသွားတယ်။ ကလေးတစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

ယမန်နေ့ နံနက်က ၄ နာရီကျော်က စစ်ကောင်စီရဲ့ လေယာဥ်ဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲခဲ့သဖြင့် စစ်ကောင်စီရဲ့ ရုံးနှစ်ရုံး ပျက်ဆီးခဲ့ရပြီး အံတော်ရွာအဝင်က နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။

“ဒီရက်ပိုင်းမှာ လေယာဥ်အန္တရာယ်ကို ပိုပြီးတော့ သတိပြုကြပါ။ အမ်းစစ်ပွဲကြောင့် ရခိုင်ဘက်ကို လေယာဥ်တွေ တောက်လျောက်လာနေပါတယ်။ အသက်ကို ညဏ်စောင့်ကြပါစေ” လို့ စာရေးဆရာ နှင့် ပရဟိတတက်ကြွသူ ဆရာဝေဟင်အောင် က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို မကြာခဏ လေယာဥ်ဖြင့် ဗုံးလာကျဲခြင်းပြုလုပ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြောင့် ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလ ၃ လ အတွင် ပြည်သူ ၁၂၄၄ ဦး သေဆုံးခဲ့ကြောင်း ညဏ်လင်းသစ်သုတေတေအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

စကမဟာ အပြောပဲရှိတဲ့အတွက် ပြဿနာက ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်

Rakhita Times

ကျောက်ဖြူကို စကမ ဗုံးကြဲ ၈ ဦးသေ၊ ၁၀ ဒဏ်ရာရ

Rakhita Times

ကျောက်ထု အမြောက်တပ်ကို စစ်အင်အား ၁၅၀၀ ရောက်ရှိ

Rakhita Times

3 comments

JacobIromi စက်တင်ဘာ 5, 2026 at 4:54 မနက်

Позвонить в клинику рекомендуется, если человек не справляется самостоятельно, употребление становится регулярным, появляются проблемы со здоровью и поведением либо возникают повторные срывы. Наркологическая помощь особенно важна при острой интоксикации, тяжелой абстиненции, делирии и других состояниях, связанных с риском для здоровья.
Получить больше информации – [url=https://1.narkologicheskaya-klinika-v-krasnoyarske17.ru/]наркологическая клиника клиника помощь Красноярск[/url]

Reply
Charlesfroma စက်တင်ဘာ 8, 2026 at 12:25 မနက်

Состояние пациента отслеживается на каждом этапе, от первичной консультации до дальнейших рекомендаций.
Подробнее – [url=https://2.vyvod-iz-zapoya-reutov4.ru/]vyvod-iz-zapoya-nedorogo[/url]

Reply
HenryJip စက်တင်ဘာ 9, 2026 at 6:52 ညနေ

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Дополнительная информация – [url=https://4.narkologicheskaya-klinika-moskva11.ru/]https://4.narkologicheskaya-klinika-moskva11.ru[/url]

Reply

Leave a Comment