NewsPolitic

သံတွဲစစ်ဘေးရှောင်တွေ လေကြောင်းရန်ကြောင့် လမ်းဘေးဝဲယာတွေမှာ အိပ်နေရ၊ အရေးပေါ်စောင်လိုအပ်

သံတွဲစစ်ဘေးရှောင်တွေ လေကြောင်းရန်ကြောင့် လမ်းဘေးဝဲယာတွေမှာ အိပ်နေရ၊ အရေးပေါ်စောင်လိုအပ်

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ် စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် အဆောက်အအုံတွေမှာ စုဝေးပြီး မအိပ်ရဲဘဲ လမ်းဘေးဝဲယာနဲ့ တောတောင်အစပ်တွေမှာ အိပ်နေကြရတယ်လို့ သိရပါတယ်။

“ဓမ္မာရုံတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ စာသင်ကျောင်းတွေမှာ အဲဒီလို ခိုလှုံတယ်။ ခိုလှုံတော့ ဒီဘက်မှာက ဓမ္မာရုံကို ဗုံးချတယ်၊ သာသနာ့ဗိမာန်ကို ဗုံးချတယ်၊ ဘုန်းကြီးကျောင်းမှာလည်း မနေရဲဘူး။ တောတောင်တွေမှာ အပေါ်က လေယာဉ်နဲ့ မမြင်ရတဲ့ သစ်ပင်အောက်တွေမှာ၊ ချုံတောတွေမှာ နေကြရတယ် ဒီကလူတွေက။ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့ အဲဒီနေရာတွေကို ဗုံးသွားချတော့ သူတို့တွေက သိပ်မနေရဲဘူး​လေ” လို့ သံတွဲမြို့နယ် စစ်ဘေးရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီက သံတွဲမြို့ကို စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို မနေ့က (နိုဝင်ဘာ ၁၀) မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။

“အခုဆို သံတွဲမှာ စစ်ဘေးရှောင်တွေက လေ‌ကြောင်းရန်ကို ကြောက်ပြီး‌တော့ လမ်းဘေးတွေမှာ တောစပ်တွေမှာ ခွဲပြီး အိပ်ကြတယ်၊ အဲဒီတော့ သံတွဲမှာက ဆောင်းရောက်နေပြီ။ အရမ်းလည်း အေးနေပြီဆိုတော့ သူတို့တွေအတွက် အရေးပေါ် စောင်တွေ လိုအပ်နေတယ်၊ ကျမတို့က စားနပ်ရိက္ခာပဲ ကူညီ‌ပေးနိုင်တာ” လို့ လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Related posts

သံတွဲမှာ ဆေးလုံလောက်မှု မရှိလို့ စစ်ရှောင်အချို့ ခက်ခဲနေ

Rakhita Times

မြေပုံမှာ မိုးကြိုးမှန်လို့ လူတဦး သေဆုံး

Rakhita Times

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

Rakhita Times

3 comments

Jerryimits ဩဂုတ် 2, 2026 at 8:30 မနက်

профильная труба размеры и толщина стенки профильная труба таблица

Reply
https://www.tokai-job.com/ ဩဂုတ် 10, 2026 at 9:31 မနက်

References:

Slot machine deluxe https://www.tokai-job.com/

Reply
http://www.google.cf/ ဩဂုတ် 14, 2026 at 10:29 မနက်

References:

Harrah’s ak chin casino http://www.google.cf/

Reply

Leave a Comment