BusinessNewsPolitic

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကုန်စည်တန်ဖိုးတွေ ပိုမိုကွာခြားလာ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄)

လက်ရှိ မြန်မာနိုင်ငံမှာ ​ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်နယ်တစ်ခုတည်းမှာတင် ကုန်ဈေးနှုန်းတွေရဲ့ တန်ဖိုးတွေက မတူညီတော့ဘဲ အရင်ကထက် ပိုပြီးတော့ ကွာခြားလာနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကုန်ဈေးနှုန်းတန်ဖိုး​က အရင်ကတည်းက တစ်နေရာနဲ့တစ်နေရာ မတူညီကြပေမယ့် အခုချိန်မှာတော့ ပိုပြီးတော့ ကွာခြားလာတာ ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ပိုကြုံတွေ့နေရပြီးတော့ ရက္ခိုင်ပြည်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ အများဆုံး ဖြစ်နေတာပါ။

ရေလမ်းကြောင်းရှိတဲ့ တချို့မြို့နယ်တွေက အဆင်ပြေနိုင်သေးပေမယ့် ကုန်းတွင်းပိတ် မြို့နယ်တွေက ပိုပြီးတော့ အခြေအနေ ဆိုးတယ်လို့ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ငွေတန်ဖိုးတွေ မရှိတော့ဘူးလေ။ ငွေတန်ဖိုးတွေ လုံးဝမရှိတော့ ကျနော်တို့က ဘာပဲပြောချင်လဲဆိုရင် ဥပမာ ကျနော်တို့ မန္တလေးမှာ ဝယ်သုံးနေကြတဲ့လူတွေကို မေးကြည့်လိုက် ဓာတ်ဆီ ၁ လီတာဟာ ၃၄၀၀ ဝန်းကျင်လောက် ရှိတာပေါ့။ ကျနော်တို့ဆီမှာ ၁ လီတာ ၇၀၀၀ အောက်ထစ်ပဲလေ။ ဒါတောင် မဝင်ရတော့ဘူးပေါ့။ မဝင်ရရင် ဒီထက် ပိုကြီးမယ်။ ၁ လီတာ ၁၀၀၀၀၊ ၁၅၀၀၀ လောက်ဖြစ်ရင် ကျနော်တို့သုံးတဲ့ငွေဟာ တိုင်းပြည်တစ်ခုထဲမှာ နယ်မြေတစ်ခုတည်းမှာတင်ပဲ တန်ဖိုးတွေ အမျိုးမျိုး ကွာပြီးတော့ ချွတ်ခြုံကြတဲ့ စီးပွားလူမှုစနစ်ကို ကျနော်တို့ ရင်ဆိုင်ရတော့မယ်လေ။ ဒါကတော့ သေချာပေါက်ပေါ့။ သူတို့ ဘယ်သူပဲဖြစ်ဖြစ် ဥပမာ ပါးစပ်ထဲရှိတဲ့ ကိန်းကဏန်းသာပြော ကျနော်တို့ ဝယ်စားရတော့မှာ။ ဝယ်သုံးရတော့မှာ။ ဒါပေမယ့် ရက္ခိုင်က ရေလမ်းကြောင်း ရှိနေတယ်လေ။ ရေလမ်းကြောင်းကို ပိတ်ဆို့ဖို့ဆိုတာက အပြီးတိုင် မလွယ်ဘူးလေ။ ကျနော်တို့ ကုန်းတွင်းပိတ် နယ်မြေတွေကျတော့ ပိုပြီးတော့ ဆိုးတာပေါ့” လို့ အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

သွားရေးလာရေးအတွက် အဓိက လိုအပ်နေတဲ့ စက်သုံးဆီဆိုရင်လည်း ရန်ကုန်မြို့မှာ တစ်လီတာကို ၃၀၀၀ ကျပ် ရှိပေမယ့် ရှမ်းပြည်နယ်မှာ ၁၀၀၀၀ကျပ်၊ ရက္ခိုင်ပြည်မှာ ၄၀၀၀၀ ကျပ်၊ ကချင်ပြည်နယ်မှာ ၅၀၀၀၀ ကျပ် အထိ ပေးနေရတဲ့အပြင် ဝယ်လို့မရတာတွေလည်း ဖြစ်နေတာပါ။

မြန်မာတစ်နိုင်ငံလုံး အေးချမ်းသွားမှပဲ ဒီလိုမျိုး ကုန်ဈေးနှုန်း ကွာခြားတာကို ကျော်လွှားနိုင်မယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“စီးပွားရေးအပိုင်းကတော့ ထုံးစံအတိုင်းပါ။ ဒါကတော့ ကျနော်တို့နိုင်ငံ အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံပဲ ရှိတဲ့အခါကျတော့ တစ်နေရာနဲ့ တစ်နေရာကို လိုအပ်တဲ့ပစ္စည်း၊ စားနပ်ရိက္ခာ မျိုးစုံပေါ့လေ သယ်ယူပို့ဆောင်ရေးအတွက် စရိတ်တွေ ထပ်တောင်းတဲ့အခါကျတော့ ဈေးနှုန်း အတက်အကျ အနိမ့်အမြင့် ကွာဟမှုလေးတွေ ရှိတာပါပဲ။ အဲဒီတော့ လမ်းပန်းဆက်သွယ်ရေး ပိုပြီးတော့ ခက်ခဲတဲ့နေရာ ရောက်လေလေ ကွာဟချက်က ပိုကြီးလာလေလေ။ ဒါကတော့ သဘာဝပါပဲ။ ဒါပေမယ့် အဲဒါကို ကျော်လွှားနိုင်တဲ့ နည်းလမ်း တစ်ခုတော့ ရှိတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမယ်၊ ဘာမှ စရိတ်စကတွေလည်း မရှိတော့ဘူး၊ အေးချမ်းသွားပြီဆိုမှ စားနပ်ရိက္ခာပိုင်းကရော ဈေးနှုန်းတွေ ဖြေလျှော့လာလိမ့်မယ်။ အခုချိန် ဒီကိစ္စကတော့ ကျနော်တို့ မလွှဲမရှောင် ကြုံတွေ့ရမှာပဲလေ” လို့ အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် မြန်မာကျပ်ငွေတန်ဖိုးကလည်း ကျဆင်းနေတာကြောင့် ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေပါတယ်။

အဲဒါအပြင် တိုက်ပွဲဖြစ်နေတဲ့ နယ်မြေဒေသတွေကို ကုန်စည်စီးဆင်းတဲ့လမ်းကြောင်း ဖြတ်တောက်နေတာကြောင့်လည်း ရေရှည်မှာ လူမှုစီးပွား ချွတ်ခြုံကြတဲ့အဖြစ်နဲ့ပါ ကြုံလာနိုင်တယ်ဆိုပြီး သုံးသပ်နေကြပါတယ်။

Related posts

စစ်တွေတွင် တစ်ပတ်အတွင်း စားဆီ ၁ လီတာ တစ်သောင်းကျော် ဈေးတက်

Rakhita Times

ကျောင်းသား ၅၀ သေဆုံးနိုင်တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု

Rakhita Times

စစ်ကောင်စီက မောင်တော နယ်ခြားစောင့်ဌာနချုပ်ကို ဗုံးကြဲ

Rakhita Times

2 comments

https___ja_saen မတ် 11, 2026 at 6:50 ညနေ

Sprawdz poradnik analogowa kamera fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Podsumowujac, wybor kamery do drona FPV powinien uwzgledniac zarowno parametry techniczne, jak i praktyczne potrzeby pilota.

Reply
Casino_gnkt မတ် 24, 2026 at 12:32 မနက်

Вы можете выбрать игры различных жанров и форматов.
Casino Pinco
Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.

Reply

Leave a Comment