News

တောင်ကုတ်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ၅ ဦး သေဆုံး အများအပြားဒဏ်ရာရ

တောင်ကုတ်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ၅ ဦး သေဆုံး အများအပြားဒဏ်ရာရ

အာရက္ခတိုမ်းစ် (၄-အောက်တိုဘာ-၂၀၂၄)

ရခိုင်ပြည် တောင်ကုတ်မြို့နယ်ရှိ ကင်းတောင်ကျေးရွာကို ယနေ့ နံနက် ၂ နာရီကျော်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။

“သေတာက ၅ ယောက်၊ အချေ (ကလေး) တစ်ယောက် ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ ရွာလယ်တည့်တည့်ကကျတဲ့အိမ်က အရီးကတော့ သေသွားတယ်။ သူ့အမျိုးသားလည်း ဒဏ်ရာတော်တော်ပြင်းတယ်” လို့ တောင်ကုတ်မြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်မ်းစ်ကို ပြောပါတယ်။

တောင်ကုတ်မြို့မှ ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသော ကင်းတောင်ကျေးရွာကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံး ၄ လုံး ကျဲခဲ့ပြီး ၂ လုံးမှာ ရွာနီးစပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံးမှာ ရွာလည်သို့ ကျ‌ရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ် ဆယ်လုံးကျော် ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။

“ဆေးရုံရောက်လာတဲ့ သူတွေလည်းရှိတယ်။ စစ်သားတွေက စောင့်ကြည့်နေတော့ သွားပြီးတော့လည်း မကူညီပေးရဲဘူး။ မြို့ အဝင် အထွက်ကိုလည်း စစ်တပ်က အရမ်းတင်းကျပ်ထားတယ်” လို့ တောင်ကုတ်မြို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ အောက်တိုဘာလ ၂ရက်ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီမှ လာရောက် ဗုံးကျဲသဖြင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီမှ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ကို စိုးရိမ်နေပြီး တောင်ကုတ်မြို့ အဝင် အထွက်ကို တင်းကျပ်စွာထိန်းချုပ်ထားပြီး တောင်ကုတ်မြို့ အနီးအနားကို မကြာခဏ ဗုံးကျဲသဖြင့် အရပ်သားပြည်သူ သေသုံးမှုများ မြင့်တက်လာနေကြောင်း သိရပါတယ်။

Related posts

ဘူးသီးတောင်တွင် ရေနစ်မြုပ်နေတဲ့ မူဆလင်ကလေးငယ်တစ်ဦးကို AA ကယ်တင်နိုင်ခဲ့

Rakhita Times

ကျောက်ဖြူမြို့တွင် RNP ရုံးချုပ် ဖွင့်လှစ်

Rakhita Times

ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်များ သိမ်းပိုက်

Rakhita Times

3 comments

BrianBoill စက်တင်ဘာ 3, 2026 at 12:45 ညနေ

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Подробнее – капельница от запоя нарколог

Reply
JacobIromi စက်တင်ဘာ 4, 2026 at 5:56 ညနေ

Позвонить в клинику рекомендуется, если человек не справляется самостоятельно, употребление становится регулярным, появляются проблемы со здоровью и поведением либо возникают повторные срывы. Наркологическая помощь особенно важна при острой интоксикации, тяжелой абстиненции, делирии и других состояниях, связанных с риском для здоровья.
Узнать больше – наркологическая клиника наркологический центр в Красноярске

Reply
Davidexant စက်တင်ဘာ 16, 2026 at 11:25 မနက်

Родственники могут вызвать нарколога и получить консультацию, если им сложно самостоятельно оценить ситуацию. Врач объясняет возможные риски и определяет, подходит ли лечение дома. В Воронеже наркологическая помощь позволяет быстро перейти от сомнений к конкретному плану лечения.
Дополнительная информация – http://8.narcolog-na-dom-voronezh0.ru

Reply

Leave a Comment