NewsPolitic

တရုတ်ကြားဝင်စေ့စပ်မှုအရ တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းမယ်လို့ MNDAA ပြော

အာရက္ခတိုင်းမ်စ် (၄ ဒီဇင်ဘာ ၂၀၂၄)

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

MNDAA သည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာ မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေတည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက်မှ စ၍ မိမိတို့တပ်များ ချက်ချင်းအပစ်အခတ် ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ကြောင်း တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးဖို့ နဲ့ တွေ့ဆုံဆွေးနွေးရာမှာ MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပဋိပက္ခတွေနဲ့ အမြင်သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ်လို့ MNDAA က မျှော်လင့်ကြောင်း ဆိုပါတယ်။

MNDAA အနေနဲ့ နိုင်ငံရေးနည်းလမ်းကို အားပေးသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အရင်နည်းတူ စွဲကိုင်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် တရားမဝင် ပြင်ပအရက်ကို ဒီလပ် ဖမ်းဆီး

Rakhita Times

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times

8 comments

Leave a Comment