ဘူးသီးတောင်တွင် ရာနဲ့ချီသော သူခိုးများ နှင့် ပစ္စည်းလက်ခံသူများကို AA အရေးယူ
အာရက္ခတိုင်း (၄ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့တွင် ရာချီသော သူခိုးများနှင့် ခိုးရာပါပစ္စည်းလက်ခံထားသူများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေးအရေးယူထားပြီးလို့ အာရက္ခတပ်တော်က မနေ့က (၃ ဒီဇင်ဘာ) က ထုတ်ပြန်ခဲ့ပါတယ်။
“မိမိတို့ ဖမ်းဆီးအပြစ်ပေးထားသော သူခိုးအများစုမှာ ဘူးသီးတောင်မြို့မှ မူဆလင်များဖြစ်ကြပြီး သူတို့သည် စစ်ကောင်စီမှ သင်တန်းဆင်းထားကြသောသူများ၊ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA၊ RSO၊ ARA နှင့်ဆက်စပ်နေကြသောသူများဖြစ်တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။၏
မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေသောကာလ နှင့် မြိုအားသိမ်းယူပြီးစအခြေအနေများတွင် မြိုအသီးသီးမှ သူခိုးများသည် စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသောအခွင့်အရေးများ နှင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး အစီအမံများကို ကောင်းမွန်စွာ မချထားနိုင်သေးသောအခိုက်အတန့်များကြား နှင့် ဟာကွက်များကြားမှ ဖြစ်ပေါ်နေသော အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး အဆိုပါမြို့များပေါ်မှ သူခိုးများသည် လူမျိုးပေါင်းစုံ၏ လူနေအိမ်များထံမှ လွယ်ကူစွာ သယ်ယူ/ဖြုတ်ယူရရှိနိုင်သောပစ္စည်းများကို လစ်လျှင်လစ်သလို ခိုးယူသွားခြင်း၊ ဖျက်ဆီးသွားခြင်းများကို တွေ့ရှိရပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သော ၂၀၂၄ ခုနှစ်၊ မေလ (၁၈ ) ရက်နေ့ နောက်ပိုင်းမှစတင်ပြီး ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများအား တမင်တကာ ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခဲ့သောသူများ နှင့် သူခိုးများကို မိမိတို့ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးပြီး သက်သေခံပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍ တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူလျက်ရှိတယ်လို့လည်း ပါရှိပါတယ်။
စစ်ပွဲကာလများအတွင်း ဘူးသီးတောင်မြိုပေါ်ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ ခိုးယူသွားခြင်းခံခဲ့ရသော ပိုင်ရှင်အစစ်အမှန်များရဲ့ တိုင်တန်းချက်များအရ ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို မူလပိုင်ရှင်များလက်ထဲသို့ တရားဝင်အခမ်းအနားဖြင့် ပြန်လည်အပ်နှံခြင်းတို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀) နေ့တွင် ဘူးသီးတောင်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့ပြီး တစ်ရက်တည်းပင် ပိုင်ရှင်အစစ်အမှန် (၃၁) ဦး လက်ထဲသို့ ၎င်းတို၏ ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံထားခဲ့ပြီးဖြစ်ပါတယ်လို့ ဆိုပါတယ်။
ထိုအပြင် မိမိတို့ထံတွင် ကျန်ရှိနေသေးသည့် အခြားသော ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိသော အခြေအနေနှင့် နေ့ရက်များတွင် ဆက်လက်အပ်နှံသွားမည်ဖြစ်ပါကြောင်းလည်း ပါရှိပါတယ်။

3 comments
Группа препаратов
Подробнее тут – сколько стоит капельница от запоя
Особенно опасен запой при наличии судорог, нарушений сознания и тяжелого отравления. В этих случаях требуется неотложная медицинская помощь. Родственникам необходимо знать, что домашняя капельница не заменяет экстренное лечение при непосредственной угрозе жизни.
Подробнее – вывод из запоя на дому в Красноярске
Современные методы лечения подбираются по медицинским показаниям. В клинике могут рассматриваться медикаментозное кодирование, методы с применением психотерапии и комбинированные программы. У каждого способа есть особенности, показания и противопоказания. Некоторые методы воздействуют на фармакологической основе, другие направлены на формирование психологической установки и изменение отношения к спиртному. Самый подходящий вариант определяет нарколог, а при наличии эмоциональных и поведенческих нарушений к работе может подключаться психиатр, психолог или психотерапевт.
Подробнее – https://images.google.mk/url?q=https://2.kodirovanie-ot-alkogolizma-moskva9.ru