NewsPolitic

စစ်တွေ ရေတပ်စခန်းဌာနချုပ်နေရာ လက်နက်ကြီးကျ

Breaking News
အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ရေတပ်စခန်းဌာနချုပ်လုပ်ခဲ့တဲ့ နေရာကို လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်နေ့ နေ့လည်ခန့်မှာ လက်နက်ကြီး ကျရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲနဲ့ ၁ နာရီကြားမှာ ဘယ်ကပစ်လိုက်တဲ့ လက်နက်ကြီးလဲ မသိဘူး။ အဲဒီဟာက စစ်တွေရေတပ်စခန်းဌာနချုပ် လုပ်ခဲ့တဲ့ နေရာကို ကျတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်တော်သာရပ်ကွက်မှ ပြည်သူတစ်ယောက်က ပြောပါတယ်။

စစ်တွေမြို့ပြင်နဲ့ စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ မကြာခဏ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ငြိမ်နေခဲ့ပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပြန်ပြီးတော့ ပစ်ခတ်တာတွေ ဖြစ်လာတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၄ခုကို သိမ်းပိုက်ထားပြီး စစ်တွေမြို့ကိုလည်း ထိုးစစ်ဆင်ဖို့ ဝန်းရံထားသလို စစ်ကောင်စီကလည်း စစ်တွေမြို့က စစ်ရေးဆိုင်ရာ အကြီးပိုင်းတွေကို လဲလှယ်တာတွေ အင်အားဖြည့်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

Rakhita Times

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ဦး အပါ ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

Rakhita Times

8 comments

Leave a Comment