NewsPolitic

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်တွေ လှူဒါန်းပေးခဲ့တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ပြောပါတယ်။

သံတွဲမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာမှာ ယာယီခိုလှုံနေတဲ့  အိမ်ထောင်စု ၁၇၇ စု၊ မိသားစုဝင် စုစုပေါင်း ၅၄၈ ယောက်စာအတွက် ဆန်အိတ်တွေ လှူဒါန်းခဲ့တာဖြစ်ပြီး စုရပ်နေရာ ၃ နေရာမှာ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကိုတော့  Mrs. Kyu Kyu မိသားစုကတဆင့် ဆက်သွယ်ပြီး  WAO – WORLD ARAKANESE ORGANIZATION (USA) အဖွဲ့အစည်းက ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ကို ချိတ်ဆက်လှူဒါန်းစေခဲ့တာလည်း ဖြစ်ပါတယ်။

“အလှူရှင်တွေလည်းနည်းပါးလာနေတော့ အခက်အခဲ ရှိပါတယ်။ ပြည်တွင်းမှာ အရမ်းပဲ အခက်အခဲများနေလို့ ခုလို ဝိုင်းဝန်း ကူညီပေးစေချင်တယ်” လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင် ၂၆၈ ဦး အတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေကိုယ်စား အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၂၆၈ ဦး အတွက် ဆန်အိတ် ၁၅ အိတ်ကို သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Related posts

ငပလီကမ်းခြေကနေ စစ်ကောင်စီနေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

ကျောက်ဖြူ ပြားကျွိန်ချောင်းတွင် တိုက်ပွဲပြင်းထန်နေ၊ စကမ အထိနာလို့ စစ်ကူထပ်မံ ပို့ဆောင်နေရ

Rakhita Times

646 comments

Leave a Comment