NewsPolitic

စစ်ကောင်စီက မောင်တော နယ်ခြားစောင့်ဌာနချုပ်ကို ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ကျီးကန်းပြင်က နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးဌာနချုပ်ကို ဒီနေ့ နံနက်ပိုင်းက ဗုံး ၂ လုံး လာရောက် ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ မနက် ၁ နာရီလောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ကျီးကန်းပြင် တပ်စခန်းဟောင်း ပတ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲခဲ့တယ်” လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကျီးကန်းပြင်ဌာနချုပ်ကို အာရက္ခတပ်တော်အနေနဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက် ကတည်းက အပြီးသိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက လာရောက်ဗုံးကြဲခဲ့တဲ့ ကျီးကန်းပြင်ဌာနချုပ်စခန်းဟာ ဘူးသီးတောင် နဲ့ မောင်တောက နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၁၀) ခုကို ကွပ်ကဲခဲ့တဲ့ စစ်ကောင်စီရဲ့ အကြီးဆ့ုး နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးဌာနချုပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးဟာ ကျီးကန်းပြင်တပ်စခန်းအပြင်က ကွင်းပြင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Related posts

ကန့်ဘလူ ကိုးတောင်ဘို့တပ်စခန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်များ သိမ်းပိုက်

Rakhita Times

စစ်တွေမှာ စားဝတ်နေရေးအတွက် ပြည့်တန်ဆာလုပ်ကိုင်သူ ပိုများလာနေ

Rakhita Times

ဝီဖာမုန်တိုင်းကြောင့် ရက္ခိုင်တွင် ညနေ ၂ နာရီနောက်ပိုင်း မိုးကျဲကျဲ ရွာမည်

Rakhita Times

7 comments

Leave a Comment