EducationNewsPolitic

ရက္ခိုင်က တက္ကသိုလ်ဝင်စာမေးပွဲ စစ်ကောင်စီရဲ့ မိသားစုအတွက်ပဲဖြစ်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၀ မတ် ၂၀၂၅)

စစ်ကောင်စီက ထုတ်ပြန်လာတဲ့ ရက္ခိုင်တပြည်လုံးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော်ရှိတယ်ဆိုတာက သူတို့ရဲ့ တပ်မိသားစုဝင်တွေပဲ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

အခု ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေက စုစုပေါင်း ၂၀၉၇ ယောက်လို့လည်း သိရပါတယ်။

လက်ရှိမှာ အဲဒီ ၃ မြို့နယ်မှာ ကျောက်ဖြူနဲ့ စစ်တွေက စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တပ်ကူတွေရောက်နေတာကြောင့် သူတို့ရဲ့ မိသားစုဝင်တွေပဲ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တစ်ခုတော့ ရှိတာပေါ့ဗျာ ၂၀၀၀ ဆိုတာကတော့ သူတို့ စစ်သားမိသားစုနဲ့ ပတ်သက်တဲ့သူတွေကတော့ ရှိချင်ရှိမှာပေါ့။ ဒါပေမယ့် အတိအကျတော့ ကျနော်တို့လည်း သိပ်ပြီးတော့ ခန်းမှန်းပြောနိုင်ကြောင်း မရှိပါဘူး။ ရှိချင်လည်း ရှိမှာပေါ့နော်။ သူတို့ စစ်ကူမိသားစုတွေ ရှိတာကိုး” လို့ ပြောပါတယ်။

ရက္ခိုင်မှာ တိုက်ပွဲမဖြစ်ပွားခင်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၅ သောင်းနီးပါးရှိပြီး စာစစ်ဌာန ၁၂၈ ခု ဖွင့်လှစ်ခဲ့ရတယ်။

ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ ၂၂ ရက်အထိ ဖြေဆိုကြရမှာဖြစ်ပြီး စာစစ်ဌာန ၈ ခုနဲ့ပဲ စစ်ကောင်စီက စစ်ဆေးပေးနိုင်တာပါ။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၃ သြဂုတ် ၂၀၂၅)

Rakhita Times

AA ထိန်းချုပ်ဒေသတွင် ယာဉ်စည်းကမ်းထုတ်ပြန်

Rakhita Times

စကမ က ရက္ခိုင်ကို ရွေးကောက်ပွဲမတိုင်ခင်အထိ ဒီတိုင်းလွှတ်ထားနိုင်

Rakhita Times

Leave a Comment