NewsPolitic

မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီဖမ်းဆီးထား

အာရက္ခတိုင်းမ်စ် (၃၀ မတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“ သင်ပန်ချောင်းစခန်းက စစ်ခွေး ၃၀၀ လောက် စစ်ကြောင်းထိုးဝင်လာပြီး ရွာသားတွေကို ဖမ်းပြီး ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းမှာ စစ်ဆေးမေးမြန်းနေတယ်” လို့ ကျောက်ဖြူဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၇၇) ဦးဆောင်တဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ မတ်လ ၂၇ ရက် ညနေပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသားတွေကို ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေမှာ ခေါ်ယူစစ်ဆေးနေတာပဲ ဖြစ်ပါတယ်။

“ ဒီကောင်တွေ (စစ်ကောင်စီ) က တင်းမ နဲ့ ဗျိုင်းဖြူ မှာ အခုလို အစုံလိုက် အပြုံလိုက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ လုပ်ခဲ့ဖူးတယ်။ အခု အဲလိုလုပ်မှာ စိုးရိမ်နေရတယ်” လို့ သူက ထပ်မံဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မလကျွန်းရွာဟာ အမှတ် ၃၂ ရဲတပ်ရင်း အနီးတွင် တည်ရှိတဲ့ရွာဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၀ မတ်လအတွင်း ဖမ်းဆီးသွားတဲ့ ကျောက်တော်မြို့နယ် တင်းမရွာသား ၁၈ ဦး နဲ့ နောက်ထပ် ဖမ်းဆီးသူ ၃ ဦးအပါအဝင် စုစုပေါင်း ၂၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေကာ သေသည်ရှင်သည်လည်း မသိရှိရပါ။

အလားတူ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က စစ်တွေမြို့မြောက်ဘက် ဆတ်ရိုးကျချောင်းဘေးရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို စီးနင်းကာ ရွာသားအားလုံးကို ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၇၆ ဦး သတ်ဖြတ်ကာ မိန်းကလေးသုံးဦးထက်မနည်းကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပါတယ်။

Related posts

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

Rakhita Times

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့

Rakhita Times

Leave a Comment