BusinessNewsPolitic

စစ်တွေဒေသခံများ အိမ်တွေကို ဖြိုရောင်းပြီး စားသောက်နေရ(မီးသွေး ၁ အိတ် ၅၀၀၀၀ ကျပ် နဲ့ ဝယ်သုံးနေရ)

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့မှာ အလုပ်အကိုင်မရှိ စားဝတ်နေရေးကျပ်တည်းလာတာကြောင့် ဒေသခံတချို့ဟာ အိမ်တွေကို ဖြိုရောင်းပြီး စားသောက်နေရတယ်လို့ ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဓိကအားဖြင့် ထင်းလုပ်လို့ရတဲ့ သစ်သားအိမ်တွေကိုသာ ဝယ်ယူကြပြီး အိမ်အခြေအနေပေါ်မူတည်ကာ ၅ သိန်းကနေ ၉ သိန်းကျပ်အထိ ပေါက်ဈေးရှိတယ်လို့ ပြောပါတယ်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ အများအပြား ရောင်းနေကြပြီး တချို့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူ ထောက်ခံမပေးတာကြောင့် ရောင်းချလို့ မရဘူးလို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ထင်းလုပ်လို့ရအောင် သစ်သားအိမ်တွေပဲ ဝယ်တာ။ ပေါက်ဈေးကကျတော့ အိမ်အခြေအနေကြည့်ပြီးတော့ ၁၀ ကျော်ဆိုတာ မကြားမိဘူး။ ၈ သိန်း၊ ၉ သိန်း အဲဒီလိုကြားတယ်။ တော်တော်များများပဲ။ တော်တော်များများဆိုတာက တချို့ပြောတော့ မင်းဂံဘက်မှာလည်း တော်တော်များများ ရောင်းတယ်။ တချို့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူးတွေက တာဝန်မယူဘူး။ တာဝန်မယူတော့ ရောင်းလို့မရဘူး” လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ၄ ချောင်းလောက်သာ ပါတဲ့ ထင်းတစ်စည်းကို ၁၄၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲနေရပြီး မီးသွေးသည်လည်း ယခင်က တစ်အိတ်ကို ၁ သောင်းကျပ်သာ ရှိရာကနေ လက်ရှိမှာ ၅ သောင်းဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အလုပ်အကိုင် ရှားပါးသည့်အပြင် စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် အိမ်တွေကို ဖြိုဖျက်ရောင်းစားရာတွင် လက်ရှိမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်၊ အိမ်ပိုင်ဆိုင်ကြောင်း သက်ဆိုင်ရာတွေရဲ့ ထောက်ခံချက် စသည့် ထောက်ခံချက်မျိုးစုံ ပါရှိမှသာ ရောင်းချသယ်ယူခွင့် ရှိကြောင်း စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လုပ်ကိုင်စားသောက်ဖို့ အလုပ်လည်းမရှိ အကိုင်လည်းမရှိဆိုတော့ အိမ်ကိုရောင်းတယ်။ တိုက်အိမ်ဆို ရောင်းလို့မရဘူး။ သစ်အိမ်၊ ဝါးအိမ်၊ သစ်တွေပါတဲ့အိမ်မှ ရောင်းလို့ရမှာ။ အဲဒီလိုမျိုး ရောင်းပြီးတော့ အဝယ်သားတွေ ရှိတယ်။ တချို့ကျတော့ မွတ်ဆလင်တွေ ဝယ်တယ်လို့ပြောတယ်။ အရင်တုန်းက ဝယ်တယ်ဆိုရင် သယ်သွားလို့ရတယ်။ အခုကျတော့ ထောက်ခံစာတွေ မပါလို့ရှိရင် လမ်းမှာ အစစ်အဆေးတွေများတော့ ယူသွားလို့မရဘူး။ အရင်တုန်းကဆိုလို့ရှိရင် ရောင်းချင်သလို ရောင်းကြတယ်။ အခု အဲဒီလိုမျိုး ရောင်းလို့မရဘူး။ သယ်ယူလို့မရတော့ဘူးဆိုပြီး ကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်တွေမြို့ဝင်ထွက်ခွင့်တွေကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးပြီး ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတဲ့အတွက် မြို့ထဲမှာ ပိတ်မိနေကြတဲ့ ဒေသခံတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေကြရတာ ဖြစ်ပါတယ်။

Related posts

စစ်တွေ ကြံ့ဖွံ့ပါတီက လူမိုက်ငှားနေ

Rakhita Times

နတ်ရေကန်ကို စကမ တောင်ခမ်းနဲ့ နှိုင်းယှဉ်ပြောဆို

Rakhita Times

ပလက်ဝမှာ ကျောင်းမနေသူ များလာ

Rakhita Times

6 comments

KrovlyaPhord ဖေ‌ဖော်ဝါရီ 23, 2026 at 7:11 ညနေ

Привет всем! Стоит заранее разобрать — протечки в квартирах последнего этажа. Здесь такой момент: ЖЭК не справляется — нужны профессионалы. Для вашего ТСЖ: [url=https://montazh-membrannoj-krovli-spb.ru]установка мембранной кровли[/url]. На практике крыши многоэтажек — давно требуют замены. В общем ремонтировать рубероид смысла нет — значит пора ставить мембрану. Общие рекомендации: выбрать подрядчика. Что в итоге: удаётся достигать классных результатов — жители довольны.

Reply
ShumoizolyaciyaAvtodrary ဖေ‌ဖော်ဝါရီ 23, 2026 at 7:16 ညနေ

[url=https://vikar-auto.ru]шумоизоляция авто[/url]

Reply
maxispin_u_acOt မတ် 2, 2026 at 6:11 မနက်

For those seeking an exceptional online gaming experience, [maxispin.us.com](https://maxispin.us.com/) stands out as a premier destination. At Maxispin Casino, players can enjoy a vast array of pokies, table games, and other thrilling options, all accessible in both demo and real-money modes. The casino offers attractive bonuses, including free spins and a generous welcome offer, along with cashback promotions and engaging tournaments. To ensure a seamless experience, Maxispin provides various payment methods, efficient withdrawal processes, and reliable customer support through live chat. Security is a top priority, with robust safety measures and a strong focus on responsible gambling tools. Players can easily navigate the site, with detailed guides on account creation, verification, and payment methods. Whether you’re interested in high RTP slots, hold and win pokies, or the latest slot releases, Maxispin Casino delivers a user-friendly and secure platform. Explore their terms and conditions, read reviews, and discover why many consider Maxispin a legitimate and trustworthy choice in Australia.
The user-friendly nature of the platform ensures it is accessible to all users.

**Features of MaxiSpin.us.com**
Additionally, the platform offers a built-in editor for making real-time edits to achieve optimal results.

**Benefits of Using MaxiSpin.us.com**
By saving time and resources, companies can redirect their focus to other essential aspects of their business.

Reply
ShumoizolyaciyaTorpedydrary မတ် 3, 2026 at 4:51 ညနေ

шумоизоляция торпеды https://shumoizolyaciya-torpedy-77.ru

Reply
ShumoizolyaciyaDverejPhord မတ် 3, 2026 at 5:28 ညနေ

шумоизоляция дверей авто https://shumoizolyaciya-dverej-avto.ru

Reply
NakrutkaTelegramdrary မတ် 10, 2026 at 5:43 ညနေ

[url=https://nakrutka-podpischikov-telegram-1.ru]накрутка подписчиков в Телеграм[/url]

Reply

Leave a Comment