NewsPolitic

ပေါက်တောတွင် ဘုန်းတော်ကြီးတစ်ပါး သက်ငယ်မုဒိန်း ကျူးလွန်

အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်၊ ပေါက်တောမြိုနယ်၊ ဟင်းခရော်ကျေးရွာတွင် အသက် ၆၉ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ပါးက သက်ငယ်မုဒိန်း ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းက မသဇင်ဖူး (အမည်လွှဲ) ကို ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် စစ်ရှောင်လာတဲ့ အသက် ၆၉ နှစ်အရွယ် စန္ဒိမာ ဖြစ်ပြီး လူအမည်မှာ ဦးစိန်လှထွန်းက အဓမ္မပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူအား ပြောပါတယ်။
ဖြစ်ကြောင်း သိရသည်။

“ ၁၀ နာရီကျော်လောက်မှာ ကျောင်းဆင်းလာတယ်။ ထီးမေ့ကျန်ခဲ့လိုဆိုပြီး ဓမ္မာရုံကို ပြန်သွားတဲ့အခါ စစ်ရှောင်နေတဲ့ ဘုန်းတော်ကြီးတစ်ပါးက အတင်းအဓမ္မဆွဲခေါ်ပြီး အတင်းဓမ္မပြုကျင့်ခဲ့တာ” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

ပြုကျင့်ခံရသူရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရမှုအတွက် အာရက္ခတပ်တော်ရဲ့ DLEPS ထံ ဇူလိုင်လ ၂၉ ရက်တွင် တိုင်ကြားထားပြီး DLEPS အနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိတွင် ကျူးလွန်ခံရသူ မသဇင်ဖူး (အမည်လွှဲ) ကို ဆေးစစ်ရန် ပို့ဆောင်ထားပြီး ဘုန်းတော်ကြီး စိန္ဒမာကိုး မြိုနယ်သံဃာနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လူဝတ်လဲကာ ပုဒ်မ ၃၇၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

ဦးတင်ထူးအောင်ကို မတရားအသင်း ဆက်သွယ်သူဆိုပြီးကိုယ်စားလှယ်လောင်းမှ ပယ်ဖျက်

Rakhita Times

အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ကာလကို ထိုင်းလျှော့ချ

Rakhita Times

ဖြူဖြူကျော်သိန်း ရက္ခိုင်ပြည်သူတွေအတွက် သိန်းတထောင် နဲ့ တသိန်း လှူဒါန်း

Rakhita Times

Leave a Comment