EducationNewsPolitic

ပညာဒါန ပို့ချပေးလိုတဲ့ ဆရာ ဆရာမတွေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဖိတ်ခေါ်

အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်အတွင်းက ကျောင်းသားလူငယ်တွေကို လူငယ်စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနေတဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပညာဒါနပို့ချပေးလိုတဲ့ ဆရာ ဆရာမတွေကို ဖိတ်ခေါ်ပါတယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကော်မတီဝင်တွေက ဆိုပါတယ်။

“ စိတ်ဝင်စားတဲ့ သင်တန်း ပညာဒါန ပို့ချပေးလိုတဲ့ လူငယ် ဆရာ ဆရာမတို့ကိုလည်း ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်လို့ ပြောကြားချင်ပါတယ်” ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် စောမျိုးမြတ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်းတွေကို ရက်တို/ရက်ရှည် ပို့ချပေးနေတယ်လို့ သိရပါတယ်။

“ လက်ရှိကတော့ ကျောင်းသားလူငယ်တွေအနေနဲ့ သက်ဆိုင်ရာအတန်းပညာတွေကို သင်ကြားနေရပေမယ့် အတန်းပညာအပြင် တခြားလူငယ် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာတွေမှာ ပြည့်ပြည့်ဝဝ သင်ယူနိုင်မှုကတော့ အားနည်းနေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ နောက်နောင်မှာ တိုင်းပြည်အတွက် မျိုးဆက်သစ်ဖြစ်တဲ့ ကျောင်းသား လူငယ်တွေကို လူငယ်တွေအတွက်သက်ဆိုင်ရာ ကဏ္ဏအလိုက် Capacity building Training တွေကို ရက်တို ရက်ရှည် သတ်မှတ်ပြီး မြိုနယ်ကော်မတီတွေက ကြီးကြပ်ကာ ပိုချပေးနေတာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ပညာဆိုတာ အပိုအလို မရှိဆိုသလို လိုအပ်ရင် လိုအပ်သလောက် ကျောင်းသားလူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို ပို့ချပေးသွားပါမယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် စောမျိုးမြတ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ လူမျိုးစုရေးရာကော်မတီနဲ့ အမျိုးသမီးရေးရာကော်မတီအနေနဲ့လည်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ နဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး စကားဝိုင်းများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေဟု AA ပြော

Rakhita Times

ရက္ခိုင်ပြည်က နေရာနှစ်ခုကို စကမ ဗုံးကြဲ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

Rakhita Times

1 comment

vytyazhnye zaklepki 93 ဖေ‌ဖော်ဝါရီ 2, 2026 at 7:32 မနက်

вытяжная заклепка м8 заклепка вытяжная глухая

Reply

Leave a Comment